ယူကရိန်းစစ်ဘေးရှောင်တွေအတွက် ဗြိတိန်နိုင်ငံရဲ့ အလှူငွေကောက်ခံမှု ပထမဆုံးရက်မှာ ပေါင် (၅၅)သန်း ရရှိ

3-3-2022-yyl17.jpg

ရုရှားရဲ့ကျူးကျော်စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရတဲ့ ယူကရိန်းပြည်သူတွေကို ကူညီပေးဖို့ ဗြိတိန်နိုင်ငံ ဘေးအန ္တရာယ်ဆိုင်ရာ အရေးပေါ်ကော်မတီ (DEC) ရဲ့ လှုပ်ရှားမှုဟာ ပထမဆုံးရက်မှာတင် အလှူငွေ ပေါင် (၅၅)သန်း ရရှိခဲ့ပါတယ်။ ဗြိတိန်ဘုရင်မကြီး၊ ဝေးလ်မင်းသားနဲ့ ကမ်းဘရစ်ချ်မြို့စားတို့လည်း ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ DEC က ပြောပါတယ်။ ပထမဆုံးရက်မှာ ရရှိခဲ့တဲ့ အလှူငွေ ပေါင်(၅၅)သန်းအနက် ပေါင်သန်း (၂၀)ကို UK Aid Match အစီအစဉ်အရ ဗြိတိန်အစိုးရက လှူဒါန်းခဲ့တာပါ။

လွန်ခဲ့တဲ့ ၉ ရက်က စပြီး ရုရှားစစ်သည်တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံကနေ စွန့်ခွာထွက်ပြေးရသူ တစ်သန်းကျော် ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ရုရှားနိုင်ငံက လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပြီး ကြာသပတေးနေ့က ချာနီဟစ်မြို့မှာ အနည်းဆုံး အရပ်သား ၄၇ ယောက် သေဆုံးခဲ့ပါတယ်။

ယူကရိန်းစစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံမှုဟာ ၂၀၀၄ ခုနှစ် ဆူနာမီငလျင်နောက်ပိုင်း DEC ရဲ့ အကြီးမားဆုံး အလှူခံမှုဖြစ်တယ်လို့ အမှုဆောင်ချုပ် ဆာအိက ပြောပါတယ်။ DEC ရဲ့ အလှူခံမှုကို BBC TV အားလုံးအပြင် ITV ၊ Channel 4 ၊ Channel 5 နဲ့ Sky အစရှိတဲ့ ရေဒီယိုတွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။

Ref: BBC “Ukraine war: UK’s DEC charity appeal raises £55m in a day”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top