နေ့စဉ်ငရုတ်သီးစားပေးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်

yyl-015-11.jpg

စာဖတ်ပရိသတ်တွေထဲမှာ ငရုတ်သီးမပါရင် ထမင်းမမြိန်ဘူးဆိုတဲ့သူတွေရှိကြလား။ ငရုတ်သီးမှ ငရုတ်သီးဖြစ်နေတဲ့ အဲဒီလိုလူတွေအတွက် ဒီအကြောင်းအရာလေးကတော့ ပျော်စရာသတင်းလေးဖြစ်မှာပါ။ သုတေသီတွေက ငရုတ်သီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ၊ ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးနိုင်ခြေတို့ကို ဖြတ်တောက်ပေးနိုင်၊ လျော့ချပေးနိုင်တယ်ဆိုတဲ့ အချက်ကို လေ့လာတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလေ့လာချက်ကို နေ့တိုင်း ဟင်းချက်တဲ့အခါတိုင်း ငရုတ်သီးကို အသုံးများတဲ့အီတလီမှာ စမ်းသပ်ခဲ့တာပါ။ ငရုတ်သီးစားတဲ့လူတချို့နဲ့ မစားတဲ့လူတချို့ပါဝင်တဲ့ လူ (၂၃,၀၀၀) တို့ကြားက့သေဆုံးနိုင်ခြေကို နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေနဲ့ ငရုတ်သီးစားပေးခြင်းအလေ့အထက လွန်ခဲ့တဲ့ (၈) နှစ်ကျော်ကဖြစ်တယ်လို့ စောင့်ကြည့်ကိရိယာမှာ ပေါ်လာခဲ့ပြီး သုတေသီတွေက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေက ငရုတ်သီးကို တစ်ပတ်ကို အနည်းဆုံး (၄) ကြိမ်စားတဲ့သူတွေက (၄၀) ရာခိုင်နှုန်း ပိုပြီးလျော့နည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် American Collage of Cardiology ရဲ့ ဂျာနယ်မှာ ပါဝင်တဲ့ ရလဒ်တွေအရ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခြင်းက တစ်ဝက်ကျော်ကျော်လျော့နည်းစေပါတယ်။ “စိတ်ဝင်စားစရာအချက်တစ်ခုက နှလုံးရောဂါဖြစ်နိုင်ခြေကနေ ကာကွယ်ခြင်းက လူတွေ လိုက်နာစားသုံးတဲ့ diet အမျိုးအစားနဲ့ သီးခြားစီဆိုတာပါပဲ။

အခြားစကားလုံးအနေနဲ့ဆိုရင် တစ်စုံတစ်ယောက်က ကျန်းမာရေးလိုက်စားနိုင်တယ်။ အခြားတစ်ယောက်က ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးမှုနည်းတယ်။ ဒါပေမဲ့ သူတို့အားလုံးအတွက် ငရုတ်သီးက ကာကွယ်နိုင်စွမ်းရှိပါတယ်” လို့ လေ့လာချက်ခေါင်းဆောင်စာရေးသူ မာရီနာလောရာ ဘိုနာစီအို (Marialaura Bonaccio) က ပြောပါတယ်။

သုတေသနပြုချက်မှာ အသုံးပြုခဲ့တဲ့ ဒေတာတွေက ပါဝင်ခဲ့သူ (၂၅,၀၀၀) ဝန်းကျင်ပါဝင်တဲ့ Moli-Sani လေ့လာချက်က ဖြစ်ပါတယ်။ အခုဆိုရင် သုတေသနအဖွဲ့က ငရုတ်သီးကို ကျွန်တော်တို့ကျန်းမာရေးအတွက် ကောင်းစေတဲ့ ဇီဝဓာတုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စုံစမ်းစစ်ဆေးဖို့ စီစဉ်နေပါတယ်။

Ref: CNN “Eating chilies cuts risk of death from heart attack and stroke, study says”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top