မြောက်ကိုရီးယားနိုင်ငံကိုဝင်ရောက်ခိုလှုံတဲ့ တောင်ကိုရီးယားနိုင်ငံသား

66616444_2475127832518122_2343652624227631104_n.jpg

တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်ဟာ မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ အာဏာရှင်စနစ်ကျင့်သုံးတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံသားတွေ တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံတာ မထူးခြားပေမဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ယောက် မြောက်ကိုရီးယားကို ဝင်ရောက်ခိုလှုံတာတော့ ကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ ဒါပေမဲ့ ချိုအင်ဂတ်ရဲ့မိဘ (၂) ပါးက မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့ဖူးပါတယ်။ ချိုအင်ဂတ်ရဲ့အဖေဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး ၁၉၈၆ ခုနှစ်က သူ့မိန်းမနဲ့အတူ မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့တာပါ။

ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ အဆုံးသတ်ခဲ့တာဖြစ်လို့ ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရပြီလို့ မပြောနိုင်သေးပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံကို သွားချင်တဲ့ တောင်ကိုရီးယားနိုင်ငံသားတွေဟာ ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပါတယ်။ ချိုအင်ဂတ်ကတော့ မြောက်ကိုရီးယားနိုင်ငံကို သွားဖို့ ခွင့်ပြုချက်မတောင်းခဲ့ဘူးလို့ တောင်ကိုရီးယားနိုင်ငံ သွေးစည်းညီညွတ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top