ဂျိုးဘိုင်ဒင်က ဝါရင့်လက်ထောက်အရာရှိ ရွန်ကလိန်းကို အိမ်ဖြူတော်ဝန်ထမ်းဦးစီးချုပ်အဖြစ် ရွေးချယ်ထား

12-11-2020-yyl-004.jpg

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီလို့ မီဒီယာတွေ ဖော်ပြကြတဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က သူ့ရဲ့ဝါရင့်လက်ထောက်အရာရှိ ရွန်ကလိန်းကို အိမ်ဖြူတော်ရဲ့ ဝန်ထမ်းဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ အထက်လွှတ်တော်ရဲ့ တရားရေးကော်မတီဥက္ကဋ္ဌအဖြစ် ဂျိုးဘိုင်ဒင် ဆောင်ရွက်ခဲ့ချိန်မှာ ရွန်ကလိန်းက ကော်မတီရဲ့ရှေ့နေချုပ်အဖြစ် ဆောင်ရွက်ခဲ့သူပါ။

၁၉၈၈ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေမှာ ဂျိုးဘိုင်ဒင်က ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ဖြစ်ခွင့်ရဖို့ ကြိုးပမ်းခဲ့ချိန်မှာ ရွန်ကလိန်းက အကြံပေး၊ မိန့်ခွန်းရေးသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ရွန်ကလိန်းဟာ ဘီလ်ကလင်တန်၊ အယ်ဂိုး၊ ဂျွန်ကယ်ရီ၊ အိုဘားမား၊ ဟီလာရီကလင်တန်၊ ဂျိုးဘိုင်ဒင် စတဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်တွေကို စကားရည်လုပွဲအတွက် လေ့ကျင့်ပြင်ဆင်ပေးသူပါ။

ဂျိုးဘိုင်ဒင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ရွန်ကလိန်းက ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သူ့ရဲ့ဝန်ထမ်းဦးစီးချုပ်အဖြစ် လုပ်ခဲ့ဖူးပါတယ်။ သူက အိုဘားမားရဲ့အိမ်ဖြူတော် ထိပ်တန်းအရာရှိတစ်ယောက် ဖြစ်ခဲ့ဖူးသလို အမေရိကန် ဒုတိယသမ္မတဟောင်း အယ်ဂိုးရဲ့ဝန်ထမ်းဦးစီးချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူပါ။ အတွေ့အကြုံများလွန်းတဲ့ ရွန်ကလိန်းက ဘယ်လိုနိုင်ငံရေးသမားမျိုးနဲ့မဆို အလုပ်တွဲလုပ်နိုင်စွမ်းရှိတဲ့အတွက် အိမ်ဖြူတော်ဝန်ထမ်းဦးစီးချုပ်ရာထူးနဲ့ ကိုက်ညီတယ်လို့ ဂျိုးဘိုင်ဒင်က ချီးကျူးခဲ့ပါတယ်။

Ref: BBC ” Joe Biden picks Ron Klain as White House chief of staff”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top