မိုင် ၅၀၀ စက်ဘီးနောက်ပြန်စီးပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့ ကြိုးစားခဲ့သူ

15.8.23-yyl-4.jpg

စက်ဘီးစီးသမားတစ်ဦးက အခြားသူတွေနဲ့မတူဘဲ စက်ဘီးနောက်ပြန်စီးပြီး မိုင် ၅၀၀ ခရီးနှင်ခဲ့တာပါ။ စက်ဘီးနောက်ပြန်နင်းတာက ပုံမှန်စက်ဘီးနင်းတာထက် လုံးဝကွဲပြားခြားနားတဲ့အရာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်၊ သာလွန်ကောင်းမွန်တဲ့ ထိန်းချုပ်မှုနဲ့ အာရုံစူးစိုက်မှုတွေ လိုအပ်ပါတယ်။

ဝီလ် ဝေါ်ကာဆိုတဲ့ အဲဒီလူက အိုင်အိုဝါပြည်နယ်တခွင် စက်ဘီးနောက်ပြန်စီးပြီး မိုင် ၅၀၀ ခရီးနှင်ပြီးတဲ့နောက်မှာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ရဖို့ မျှော်လင့်နေပါတယ်။ သူက အခုနှစ်ရဲ့ Register’s Annual Great Bicycle Ride ပွဲမှာ အခြားစက်ဘီးသမား ၃၀၀၀၀ ကျော်နဲ့ စီးခဲ့တာပါ။ သူတစ်ယောက်တည်းပဲ စက်ဘီးလက်ကိုင်ဘားပေါ်ထိုင်ပြီး နောက်ပြန်စီးခဲ့တာပါ။

ဝီလ် ဝေါ်ကာက မိုင်အဝေးဆုံး စက်ဘီးနောက်ပြန်စီးတဲ့စံချိန်ကို ချိုးနိုင်မလား သိရဖို့အတွက် သူ့ရဲ့စက်ဘီးနောက်ပြန်စီးတဲ့ဒေတာတွေကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဆီ ပေးပို့ထားပါတယ်။ လက်ရှိမှာတော့ ဒီကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ကိုင်ဆောင်ထားသူက ဩစတြေးလျနိုင်ငံက အန်ဒရူး ဟယ်လင်ဂါဆိုသူပါ။ သူဟာ ၂၀၁၃ ခုနှစ်က ၂၀၉.၇၇ ကီလိုမီတာ စက်ဘီးနောက်ပြန်စီးခဲ့တာပါ။

Ref: Cyclist Rides 500 Miles Backwards For Guinness World Records

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top