အရောင်မှိန်နေတဲ့အဆောက်အဦးနံရံတွေမှာ လက်တွေ့ဆန်တဲ့ ဆေးရေးပန်းချီတွေရေးဆွဲတဲ့ ပန်းချီပညာရှင်ရဲ့လက်ရာများ

15.2.2023-image-14.jpg

အရောင်မှိန်နေတဲ့အဆောက်အဦးတွေကို သစ်လွင်သွားအောင် နံရံဆေးရေးပန်းချီတွေနဲ့ ပြောင်းလဲပေးနေတဲ့ လမ်းဘေးပန်းချီပညာရှင်တွေထဲမှာ ဘာလီကျွန်းဇာတိပန်းချီပညာရှင်လည်း အပါအဝင်ပါပဲ။ လက်ရှိ အေသင်၊ ဂရိမှာ နေထိုင်နေတဲ့ ပန်းချီပညာရှင် WD (Wild Drawing) ဟာ ၂၀၀၀ ခုနှစ်ကတည်းက လမ်းဘေးပန်းချီတွေရေးဆွဲတဲ့ပညာရှင်ဖြစ်ခဲ့တာပါ။

ထူးခြားတဲ့စတိုင်နဲ့ ဆန်းသစ်တဲ့နည်းဗျူ​တွေကြောင့် လူသိများတဲ့ WD က သူ့ရဲ့စတူဒီယိုမှာ ပန်းချီတွေ ဖန်တီးပေမဲ့ လမ်းပေါ်မှာပဲ ပန်းချီဆွဲရင်း အချိန်ကုန်ဆုံးတာများပါတယ်။
သူက တစ်ကိုယ်တော်ပန်းချီပြပွဲတွေလုပ်ခဲ့ပြီး အင်ဒိုနီးရှား၊ ဂရိ၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ အီတလီ၊ မော်လ်တာ၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဆွီဒင်တို့မှာ အဖွဲ့လိုက်ပန်းချီပွဲနဲ့ ပွဲတော်တော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။

အစပိုင်းမှာ ရိုးရိုးလမ်းဘေးပန်းချီတွေဆွဲခဲ့ပေမဲ့ ၁၀ နှစ်ဝန်းကျင်အကြာမှာ နံရံဆေးရေးပန်းချီတွေအပေါ် အလေးထားဖန်တီးဖြစ်ခဲ့ပြီး ကြားခံအဖြစ် မှုတ်ဆေးနဲ့ တလိမ့်တုံးနည်းပညာပေါင်းစပ်ပါတယ်။ သူရဲ့ပန်းချီဆွဲတဲ့စတိုင်က ရုပ်ပြနဲ့ ဂရပ်ဖစ်ဝတ္ထု​တွေရဲ့လွှမ်းမိုးမှုရှိတဲ့ အလွန်အသေးစိတ်ပြီး လက်တွေ့ကျတဲ့ဓာတ်ပုံ နည်းပညာပါဝင်ပါတယ်။ လူမှုရေးဖြစ်စဉ်တွေ၊ လူနေမှုပုံစံ၊ အနုပညာ သို့မဟုတ် သဘာဝတွေက သူ့ကို မကြာခဏ လှုံ့ဆော်ပေးပါတယ်။

လမ်းဘေးပန်းချီနဲ့ပတ်သက်ပြီး သူ နှစ်သက်တဲ့အရာက လွတ်လပ်စွာဖော်ပြခွင့်နဲ့ သူ့ရဲ့လက်ရာတွေရှေ့ဖြတ်လျှောက်သွားတဲ့လူတော်တော်များများနဲ့ သူ့ရဲ့အတွေးအမြင်တွေကို မျှဝေနိုင်တဲ့အချက်ပါပဲ။ သူ့ရဲ့လက်ရာတွေကို လမ်းဘေးပန်းချီအကြောင်း နိုင်ငံတကာစာအုပ်တွေမှာလည်း ထုတ်ဝေခဲ့ပါတယ်။

Ref: This Balinese Artist Paints Realistic 3D Murals On Dull Building Walls

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top