မနက်ခင်းတိုင်းမှာ တက်တက်ကြွကြွ နိုးလာနိုင်ဖို့

wakeup_large.jpg

ရိုးရာလေးမိတ်ဆွေတို့ရေ … မနက်က အိပ်ရာနိုးလာတုန်းက စိတ်ကြည်ကြည်လင်လင်နဲ့ နိုးလာကြရဲ့လား။ တစ်ခါတစ်လေမှာ အိပ်ရေးဝတာ၊ မဝတာ နဲ့ မဆိုင်တတ်ပါဘူး။ အချိန်အကြာကြီး အိပ်လည်း အိပ်ရာထရတဲ့ အချိန် မကြည်မလင်နဲ့ အိပ်ရေးမဝသလို နိုးလာတတ်သူတွေ ရှိပါတယ်။

မနက်ခင်းတိုင်းမှာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ နိုးလာနိုင်ဖို့ဆိုရင် ဒီနည်းတွေကို သုံးကြည့်ပါ။

၁) Snooze မလုပ်နဲ့ ၊ အချိန်မရွှေ့နဲ့

ဖုန်း alarm  မြည်လာရင် တချို့လူတွေက snooze လုပ်ပြီး အချိန်ရွှေ့တတ်ကြတယ်။ တချို့ဆို အဲဒီနောက် alarm ထပ်မြည်လာရင်တောင် နောက်ထပ် အချိန်ထပ်ရွှေ့တတ်ကြပါသေးတယ်။ တကယ်တော့ snooze လုပ်ပြီး အိပ်ရတဲ့ အချိန်ဟာ ဘယ်လောက်မှ မရှိတာမို့ ဒီလို ပြန်အိပ်ရုံနဲ့ အိပ်ရေးဝဝကြည်ကြည်လင်လင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ၁၀ မိနစ်စာ ထပ်အိပ်ဖို့ အချိန်ရတာ သေချာရင် အစောဆုံး alarm စ ပေးကတည်းက အဲဒီ ၁၀ မိနစ်အတွက် တစ်ခါတည်း ပေးထားတာ ပို ကောင်းပါလိမ့်မယ်။

၂) ထ  … ချက်ချင်းထ

ကျွန်တော်တို့ အများစုက အိပ်ရာက နိုးလာရင် ချက်ချင်းမထသေးဘဲ အနားက ဖုန်းကို ယူပြီး facebook လေး ဘာလေး လျှောက်ကြည့်တာတွေ လုပ်တတ်ကြပါတယ်။ အိပ်ရာထဲမှာ အဲဒီလို အချိန်ဆွဲနေတာတွေ များလေလေ အိပ်ရာထဲက ထွက်မလာချင်လေလေ ပါပဲ။ ဒါကြောင့် ချက်ချင်း အိပ်ရာက ထ လိုက်ပါ။

၃) ကဖိန်းဓာတ်ကို ဖြည့်တင်းပါ

လက်ဖက်ရည်၊ ကော်ဖီ သုံးဆောင်တတ်သူတွေအတွက် သတင်းကောင်းပါပဲ။ မနက်ခင်းမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်တာဟာ စိတ်ကြည်လင်တက်ကြွမှုကို အထောက်အကူပြုပါတယ်။

၄) မနက်စာကို စားဖြစ်အောင် စား

မနက်ခင်းမှာ ဗိုက်မဆာတတ်လို့ ဆိုပြီး မနက်စာ မစားဘဲ နေတတ်သူတွေ ရှိကြပါတယ်။ တကယ်တော့ မနက်စာဟာ လူကို အာဟာရဖြစ်ပြီး တစ်နေ့တာအတွက် စွမ်းအင်ပြည့် စေတာမို့ မနက်စာ စားသုံးတတ်တဲ့ အကျင့်လုပ်ဖြစ်အောင် လုပ်သင့်ပါတယ်။

၅) စိတ်ပင်ပန်းမှုကို လေ့ကျင့်ခန်းနဲ့ ထိပ်တိုက်ပေးတွေ့လိုက်ပါ

စိတ်မသက်မသာနဲ့ နိုးလာရင် က်ိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ မလုပ်ချင်ဆုံးအရာတွေထဲမှာ ပါနေပါလိမ့်မယ်၊ ဒါပေမဲ့ တကယ်တမ်းမှာ လေ့ကျင့်ခန်းလုပ်တာဟာ လူရဲ့ စိတ်အခြေအနေကို ကြည်လင်ရွှင်ပျစေပါတယ်။ ရေမချိုးခင် အေရိုးဗစ်လေ့ကျင့်ခန်းဖြစ်ဖြစ်၊ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာလေး နည်းနည်း ဖြစ်ဖြစ် လုပ်ပြီး ကိုယ်လက်လှုပ်ရှားသင့်ပါတယ်။
ကဲ … အားလုံးပဲ အကောင်းဆုံး၊ အလန်းဆန်းဆုံး မနက်ခင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျား ။

Ref: CareerGirlDaily: How to Wake Up Feeling Fresh and Energetic in the Morning

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top