အိပ်ငိုက်တတ်တဲ့ ကားသမားများ နိုးနိုးကြားကြား ဖြစ်နေစေဖို့ မှတ်ဉာဏ်တု တစ်ခုကို Panasonic တီထွင်

20170731143842-panasonic.jpeg

ကားမောင်းနေရင်း အိပ်ငိုက်တာဟာ အလွန်အန္တရာယ်များလှပါတယ်။ ကိုယ်လက်အင်္ဂါ ထိခိုက်စေရုံသာမက ပြင်းထန်ရင် အသက်ကိုပါ ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ပင်ပန်းနေရင်တော့ ကားရပ်ပြီး အနားယူလိုက်တာ အကောင်းဆုံးပါပဲ။ Panasonic ဟာ ကားသမားတွေကို နိုးနိုးကြားကြားနဲ့ သက်တောင့်သက်သာ မောင်းနှင်နိုင်ဖို့ AI တစ်ခုကို တီထွင်ခဲ့ပါတယ်။

Panasonic ရဲ့အဆိုအရ အိပ်ငိုက်တာက အဆင့် ငါးဆင့် ရှိပါတယ်။ ဒါတွေကတော့ သိပ်မငိုက်တဲ့အချိန်၊ နည်းနည်းငိုက်တဲ့အချိန်၊ ငိုက်တဲ့အချိန်၊ အရမ်းငိုက်လာတဲ့အချိန်နဲ့ အလွန်အကျွံ ငိုက်မြည်းနေတဲ့အချိန်တို့ ဖြစ်ပါတယ်။ သူ့ရဲ့စနစ်ကတော့ ကားထဲမှာ AI တပ်ဆင်ထားပြီး ကားသမားရဲ့ ငိုက်မြည်းခြင်း အဆင့်ကို ထိန်းချုပ်ပေးဖို့ ဖြစ်ပါတယ်။

ဒီစနစ်မှာ ကင်မရာတွေနဲ့ အာရုံခံစနစ်တွေ ပါဝင်ပြီး ကားသမားကို အပြည့်အဝ ထိန်းချုပ်ပေးနေမှာ ဖြစ်ပါတယ်။ သူက ကားသမားရဲ့ မျက်တောင်ခတ်တဲ့ပုံစံ၊ မျက်နှာအမူအရာ၊ ခန္ဓာကိုယ် အပူချိန် စတာတွေကို ထောက်လှမ်းပြီး အကဲခတ်ပေးနေမှာ ဖြစ်ပါတယ်။ ဒီအာရုံခံစနစ်နဲ့ ပတ်ဝန်းကျင် အခြေအနေရဲ့ အချက်အလက်တွေကိုနဲ့ ပေါင်းစပ်ပြီး ကားသမားရဲ့ အိပ်ငိုက်တဲ့အဆင့်ကို ကောက်ချက်ချပေးမှာ ဖြစ်ပါတယ်။

ကားသမားကို နိုးကြားနေစေအောင်လုပ်ဖို့ အဓိကသော့ချက်ကတော့ အပူချိန် ထောက်လှမ်းခြင်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတွေဟာ အရမ်းနွေးထွေးနေတဲ့ အခါမျိုးမှာ အိပ်ငိုက်တတ်ကြပါတယ်။ Panasonic ရဲ့ AI က ကားအတွင်း လေထု အပူချိန်ကို ထောက်လှမ်းပြီး ချိန်ညှိပေးပါလိမ့်မယ်။ လေထု စီးဆင်းမှုကို အားဖြည့်ပေးပြီး အလင်းရောင်နဲ့ အပူချိန်ကို သဟဇာတဖြစ်အောင် ပြန်လည်လုပ်ပေးခြင်းဖြင့် ကားသမားကို နိုးကြားနေစေပါတယ်။ တစ်ခုရှိတာက လူတစ်ယောက်ဟာ အရမ်းအိပ်ငိုက်လာရင်တော့ ပတ်ဝန်းကျင်က ပူပူအေးအေး ဂရုမစိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ Panasonic က ဒီအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားထားပါတယ်။ အရမ်းအိပ်ငိုက်နေပြီလို့ အာရုံခံစနစ်က ထောက်လှမ်းမိပြီဆိုရင် ကားထဲမှာ အနီရောင် command နဲ့ alarm အသံပေးမှာ ဖြစ်ပါတယ်။

Panasonic က ဒီစနစ်ကို ကားတွေမှာ ထည့်သွင်းနိုင်ဖို့ ကားကုမ္ပဏီတွေနဲ့ အောက်တိုဘာလမှာ စစ်ဆေးပြီး နောက်နှစ်မှာ အတည်ပြုဖို့ မျှော်လင့်နေပါတယ်။

Ref: Fox News ; “ Panasonic is using artificial intelligence to keep drowsy drivers awake”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top