Samsung Myanmar ၏ (၇) ကြိမ်မြောက် Vocational Training ဆုပေးပွဲနှင့် သင်တန်းဆင်းပွဲအား အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော် ) တွင်ကျင်းပ

12.jpg

၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် Samsung Myanmar သည် ယခုနှစ် Samsung Tech Institute အစီအစဉ်၏ Vocational Training (မိုဘိုင်းဖုန်းလက်တွေ့အသုံးချပြုပြင်နည်း) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာနှင့် အတတ်ပညာစွမ်းရည်ပေါင်းစပ်တိုးတက်မှုမှတစ်ဆင့် လူငယ်တစ်ဦးချင်းစီအတွက် ပိုမိုကောင်းမွန်သောအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးကာ လူမှု အသိုင်းအဝိုင်းအတွက် အရည်အချင်းပြည့်ဝပြီး ထူးချွန်သောလူ့စွမ်းအားအရင်းအမြစ်များဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ Samsung Myanmar က ၂၀၁၆ ခုနှစ်မှစတင်၍ အဆိုပါသင်တန်းများအား နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလာခဲ့ရာ ယခုနှစ်တွင် (၇) ကြိမ်မြောက်ခဲ့ပြီဖြစ်သည်။

ယခုနှစ် နေပြည်တော်အစိုးရနည်းပညာအထက်တန်းကျောင်းတွင်ပို့ချပေးခဲ့သော မိုဘိုင်းဖုန်းလက်တွေ့ အသုံးချပြုပြင်နည်းသင်တန်းကို ဇွန်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၁၇) ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀) ဦး တက်ရောက်သင်ယူခဲ့ကြသည်။

သင်တန်းကာလအတွင်း Samsung Myanmar မှ သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများအပြင် Samsung တီရှပ်များ၊ စာအုပ်များ၊ ဘောပင်များနှင့် လွယ်အိတ် တို့ကိုပေးအပ်ခဲ့သည့်အပြင် တစ်လတာအတွက် နေ့စဉ်အသုံးစရိတ် အဖြစ် သင်တန်းသားတစ်ဦးစီအတွက် ငွေကျပ် (၁၃၀,၀၀၀) ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။

သင်တန်းသားများအတွက် Software အရည်အချင်းစစ်စာမေးပွဲအား ဇွန်လ (၂၉) ရက်နေ့တွင်လည်းကောင်း၊ Hardware အရည်အချင်းစစ်စာမေးပွဲအား ဇူလိုင်လ (၁၅) ရက်နေ့တွင် လည်းကောင်း ပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသူ၊ သင်တန်းသားများထံသို့ သင်တန်းပြီးဆုံးကြောင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၅) ဦးအား ပထမဆုအနေဖြင့် ငွေကျပ် (၅၀၀,၀၀၀)၊ ဒုတိယဆုအနေဖြင့် ငွေကျပ် (၃၀၀,၀၀၀)၊ တတိယဆုအနေဖြင့် ငွေကျပ် (၂၀၀,၀၀၀)နှင့် နှစ်သိမ့်ဆုအနေဖြင့် ငွေကျပ် (၁၀၀,၀၀၀) အသီးသီးပေးအပ်ခဲ့သည်။

Samsung Myanmar က နှစ်စဉ်ဆောင်ရွက်သည့်လူမှုအကျိုးပြုအစီအစဉ်များအနက်မှတစ်ခုဖြစ်သော Samsung Tech Institute ၏ Vocational Training ကို မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အစိုးရနည်းပညာ တက္ကသိုလ်များနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၁၆ မှစတင်၍ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ လွိုင်ကော်နှင့် နေပြည်တော်မြို့များတွင် အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်းလည်းသိရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top