HONOR က မြန်မာနိုင်ငံရှိစမတ်ဖုန်းသုံးစွဲသူများအတွက် နည်းပညာအသစ်များဆက်လက် ဖန်တီးပေးနေ

D7GBVKMUwAA6PRX.jpg

နာမည်ကြီးစမတ်ဖုန်းအမှတ်တံဆိပ် HONOR က စိတ်လှုပ်ရှားဖွယ်ရာနည်းပညာသစ်များ၊ စမတ်ဖုန်းအသစ်များအပါအဝင် နိုင်ငံတကာဈေးကွက်အတွင်းလုပ်ဆောင်နေသည့် တီထွင်ဖန်တီးမှုများနှင့် ပတ်သက်သည့်ကတိကဝတ်များအား တစုတဝေးတည်း ထုတ်ဖော်ကြေညာလိုက်ပါသည်။

တီထွင်ဖန်တီးမှုအသစ်များထဲတွင် သုံးစွဲသူများအတွက် ယခင် EMUI 8.0 မှ ယခု 9th Version သို့ ပြောင်းလဲသုံးစွဲနိုင်ရန်ဖန်တီးပေးခဲ့ကာ ပိုမိုကောင်းမွန်သည့် user experience များကို အသုံးပြုနိုင်စေတော့မည်ဖြစ်သည်။ ထို OS အသစ်ကို flagship စမတ်ဖုန်း HONOR 20 တွင် ပွဲဦးထွက်ထည့်သွင်းပေးထားပြီး စမတ်ဖုန်း၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန် အဆင့်မြင့် hardware နည်းပညာစနစ်ကို ထည့်သွင်းတည်ဆောက်ထားကြောင်းသိရပါသည်။

အသွင်သစ် EMUI 9.0 ၏ အဆင့်မြှင့်ထားသည့်စွမ်းဆောင်ရည်

HONOR က EMUI 9.0 Update ကို HONOR 20 အပြင် HONOR 9 Lite နှင့် HONOR 8X တို့အတွက်လည်းထုတ်ဝေထားပါသည်။ ယခင်အသုံးပြုသည့် EMUI 8.X အပါအဝင် ကနဦး update များနှင့် ယခု EMUI အသစ်တို့အကြား၌ တိုးတက်အောင်ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် ဆွဲဆောင်မှုရှိသည့်သွင်ပြင်သစ်များကို ဆက်လက်ထောက်ပံ့နေကြောင်း ပြသလိုက်ခြင်းလည်းဖြစ်သည်။ သုံးစွဲသူများနှင့်လိုက်လျောညီထွေရှိသည့်နည်းပညာများ၊ အဆင့်မြင့်လာသည့် မြန်နှုန်းများ၊ ပိုမိုကောင်းမွန်သည့် မှတ်ဉာဏ်တုစနစ်များနှင့်န့စဉ်ဘဝအတွက် တိုးတက်ကောင်းမွန်စေမည့်နည်းလမ်းများကို စိတ်ကူးစိတ်သန်းကောင်းများဖြင့် တီထွင်နိုင်ခဲ့သည်။

အသစ်ထပ်မံမြှင့်တင်နိုင်သည့် EMUI 9.0 က စမတ်ဖုန်း၏ လုပ်ဆောင်နိုင်စွမ်းရည်အား ပိုမို မြန်ဆန်စေရန်နှင့် မှတ်ဉာဏ်တုနည်းပညာများ ပိုမိုခရီးတွင်စေရန် ထောက်ပံ့ပေးနိုင်ကာ ပျမ်းမျှအနေဖြင့် စမတ်ဖုန်းတစ်လုံး၏ လုပ်ငန်းဆောင်ရွက်မှုစနစ်ကို ၂၅.၈ ရာခိုင်နှုန်းထိလျင်မြန်လာစေပြီး အက်ပလီကေးရှင်းလုပ်ဆောင်မှုများကို ၁၀၂ မီလီစက္ကန့်အတွင်း လုပ်ဆောင်နိုင်လာစေသည့်အပြင် ဖုန်း၏ စနစ်လည်ပတ်မှုအနေအထားအား ယေဘုယျ ၁၂.၉ ရာခိုင်နှုန်းအဆင့်မြင့်လာခြင်းဖြစ်သည်။ ဂိမ်းကစားခြင်းတွင်လည်း GPU Turbo 2.0 နည်းပညာဖြင့် သွက်လက်သောခံစားမှုကို အမြင့်မားဆုံးစွမ်းဆောင်ရည်ဖြင့် ပေးစွမ်းနိုင်မည်ဖြစ်သည်။ မှတ်ဉာဏ်တု၏ စွမ်းဆောင်ရည်ပိုင်းတွင် တိကျသေချာသည့်ပိုင်းခြားမှုများ၊ တာဝန်ခွဲဝေလုပ်ဆောင်မှုများ အထူးသဖြင့် ဂိမ်းပိုင်း ဆိုင်ရာတွင် ထိထိရောက်ရောက်တိုးတက်ကောင်းမွန်လာပြီး ဖုန်းမျက်နှာပြင်အားထိတွေလုပ်ဆောင်ရာတွင်လည်း နှေးကွေးမှုကို ၃၆ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်မည်ဖြစ်သည်။

ဒီဇိုင်းပိုင်းတွင်လည်း EMUI 9.0 ၏ feature များမှာ ရိုးရှင်း၍ သဘာဝဆန်သောအသွင်အပြင်နှင့် အသံများကို ထင်ဟပ်စေမည်ဖြစ်သည်။ အက်ပလီကေးရှင်းများအတွက် ပိုမိုအသုံးတည့်မည့်အနေအထားသို့ ပြောင်းလဲထားပြီး လက်တစ်ဖက်တည်းဖြင့် အလွယ်တကူအသုံးပြုနိုင်မည့်ပုံစံသို့ ပြောင်းလဲပေးထားသည်။

EMUI 9.0 မှာ Google ၏ နောက်ဆုံးထွက် Android 9.0 ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သောကြောင့် သုံးစွဲသူများ၏စမတ်ဖုန်းများအား သစ်လွင်သောပုံစံဖြင့် သုံးစွဲနိုင်မည်ဖြစ်ပြီး Google ၏ နောက်ဆုံးပေါ်နည်းပညာနှင့် ဝန်ဆောင်မှုများအား အခက်အခဲမရှိ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

HONOR ၏ Super Bluetooth စနစ်

ပြီးခဲ့သည့်လအတွင်း လန်ဒန်မြို့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် HONOR 20 စီးရီးစမတ်ဖုန်းမျိုးဆက် မိတ်ဆက်ပွဲတွင် ကြိုးမဲ့နည်းပညာအသစ်တစ်ခုဖြစ်သော “Super Bluetooth” နှင့် ၎င်း၏ ကိုယ်ပိုင် Android app compiler (Ark Compiler)၊ အဆင့်မြှင့်တင်ထားသည့် Virtual 9.1 Surround Sound System များကို HONOR က မိတ်ဆက်ပေးခဲ့သည်။

Super Bluetooth စနစ်သည် ပတ်ဝန်းကျင်အနှောင့်အယှက်များကိုဖယ်ရှားပေးနိုင်ပြီး (၂၆၅) မီတာဝန်းကျင်အထိချိတ်ဆက်မှုကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါစနစ်ကို ရုံးခန်းကျယ်များ (သို့) နေအိမ်များစသည့် သတ်မှတ်ဧရိယာများအတွင်းရှိ devices များနှင့် ကောင်းမွန်စွာချိတ်ဆက်နိုင်သည့် နည်းပညာသစ်များဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ Hi1103 chip သုံး AI နည်းပညာ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ထားသည့်၎င်းစနစ်ကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်မျိုးစုံကြားတွင် ချိတ်ဆက်လိုရာ device များနှင့် အဆင်ပြေပြေချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။

ကမ္ဘာ့နံပတ် (၁) အသံစနစ် Virtual 9.1 Surround Sound

HONOR 20 စီးရီးမျိုးဆက်စမတ်ဖုန်းများတွင် Virtual 9.1 Surround Sound စနစ်ကိုလည်း ပထမဆုံးအဖြစ်ထည့်သွင်းပေးထားကာ အဆိုပါအသံစနစ်အသစ်ကြောင့် ရုပ်ရှင်ရုံအတွင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုရသကဲ့သို့ အသံပိုင်းဆိုင်ရာခံစားမှုများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ Virtual 9.1 Surround Sound စနစ်ကို ထိပ်တန်းအသံပိုင်းဆိုင်ရာကျွမ်းကျင်သူနှင့် ပညာရှင်ပေါင်း (၄၀) ကျော်က စမ်းသပ်စစ်ဆေးထားပြီး သက်ဆိုင်ရာနယ်ပယ် (၂၁) ခု၏ ချီးကျူးဂုဏ်ပြုမှုများကိုလည်း ရရှိထားပြီးဖြစ်သည်။ ၎င်းအသံစနစ်ကို HONOR အမှတ်တံဆိပ်နားကြပ်များဖြင့် သာမက အခြားအမှတ်တံဆိပ် နားကြပ်အမျိုးအစားများဖြင့်လည်း နားဆင်နိုင်မည်ဖြစ်သည်။

HONOR နှင့် JOOX တို့ ပူးပေါင်းဆောင်ရွက်သော Top Fan Campaign

မြန်မာတေးသီချင်းကြိုက်နှစ်သက်သူများအတွက် HONOR နှင့် တေးဂီတအက်ပလီကေးရှင်း JOOX တို့ ပူးပေါင်း၍ စိတ်လှုပ်ရှားဖွယ်ရာဆုလက်ဆောင်များပေးအပ်မည့်ပြိုင်ပွဲတစ်ခုကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် မေလမှစတင်ကာ ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ တစ်နှစ်တာလုံးစီစဉ်ဆောင်ရွက်သွားမည့် Top Fan Campaign တွင် ပါဝင်ယှဉ်ပြိုင်လိုသူများသည် JOOX မှ ရွေးချယ်ပေးထားမည့် နောက်ဆုံးထွက်သီချင်းများကို နားဆင်ဖြင်းဖြင့် HONOR စမတ်ဖုန်းများကို လစဉ်ကံထူးနိုင်မည်ဖြစ်သည်။ HONOR စမတ်ဖုန်း (၆) လုံးကို လစဉ် ကံစမ်းခွင့်ရရှိမည်ဖြစ်ပြီး တစ်နှစ်တာ Campaign အတွက် HONOR မှ စမတ်ဖုန်းအလုံးရေ စုစုပေါင်း (၈၀) နီးပါး ပံ့ပိုးသွားမည်ဖြစ်သည်။ စမတ်ဖုန်းကံစမ်းခွင့်ရရှိမည့်အစီအစဉ်တွင် ပါဝင်ခွင့်မရရှိလိုက်သူများအနေဖြင့်လည်း ဇူလိုင်လတွင် စတင်ဆောင်ရွက်ပေးသွားမည့် HONOR စမတ်ဖုန်းများနှင့် အပိုပစ္စည်းများဝယ်ယူခြင်းအတွက် အထူးလျော့ဈေးရရှိနိုင်မည့်အစီအစဉ်များတွင် ပါဝင်နိုင်မည်ဖြစ်သည်။

မိုးရာသီအထူးပရိုမိုးရှင်း

ဖုန်းဝယ်ယူသူများအတွက် မိုးရာသီကာလအထူးကံစမ်းမဲအစီအစဉ်တစ်ခုကို လာမည့် ဇွန်လ (၂၈) ရက်မှ ဇူလိုင်လ (၁၈) ရက်နေ့ထိ HONOR ကပြုလုပ်ပေးသွားမည်ဖြစ်ကာ အဆိုပါကာလအတွင်း နှစ်သက်ရာ HONOR စမတ်ဖုန်းတစ်လုံးဝယ်ယူရုံဖြင့် Toyomax အမှတ်တံဆိပ်နှင့် CZI အမှတ်တံဆိပ် မော်တော်ဆိုင်ကယ် အစီး (၃၀) ကို ကံစမ်းနိုင်မည်ဖြစ်သည်။ အဆိုပါကံစမ်းမဲအစီအစဉ်တွင်ပါဝင်ရန်အတွက် ဝယ်ယူခဲ့သည့် ဖုန်းအသစ်၏အာမခံကတ်ပြားအား ကံစမ်းမဲလက်မှတ်အနေဖြင့်သိမ်းဆည်းထားရမည်ဖြစ်ပြီး ကံထူးသူများကို HONOR မှ ရွေးချယ်ပေးသွားမည်ဖြစ်ကာ HONOR ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွင် ရရှိသွားသော ဆုများနှင့်တကွ ဖော်ပြပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖုန်းဝယ်ယူမှုတိုင်းအတွက် မိုးရာသီလက်ဆောင် HONOR အမှတ်တံဆိပ်ထီးများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top