ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး အန်ဒွန်ဘီလီကို စပါး ခေါ်ယူ

66111496_2461134567250782_2268110235459649536_n.jpg

လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းနဲ့ ခေါ်ယူလိုက်ပြီလို့ စပါးအသင်းက ကြေညာခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အတွက် ခြေစွမ်းပြခဲ့သူဖြစ်ပြီး သူ့ရဲ့ကစားပုံက ချဲလ်ဆီးကစားသမားဟောင်း မိုက်ကယ်အက်ဆီယန်နဲ့ ခိုင်းနှိုင်းခံခဲ့ရပါတယ်။

(၆) နှစ် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက်မှာတော့ အန်ဒွန်ဘီလီက စပါးအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပါတယ်။ စပါးဟာ အန်ဒွန်ဘီလီအတွက် ကနဦးပေးချေမှုအဖြစ် ပေါင် (၅၆.၅) သန်းပေးရမှာဖြစ်ပြီး စွမ်းဆောင်မှုအလိုက် ဆုကြေးခံစားခွင့် ထပ်ပေါင်းလိုက်ရင် သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင် (၆၅) သန်းအထိ ရှိလာနိုင်ပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်က ဗဟိုနောက်ခံလူ ဒေးဗစ်ဆန်ဆန်းချက်ဇ်ကို ခေါ်ယူဖို့ ပေါင် (၄၂) သန်း သုံးစွဲခဲ့ရတဲ့ စပါးအသင်းရဲ့ ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top