ရုပ်ရည်ကြည့်ကောင်းမှုကြောင့် အာရုံစိုက်ခံနေရတဲ့ ထိုင်ဝမ်နိုင်ငံရေးသမားတစ်ဦးရဲ့သားဖြစ်သူ

26.2.24-yyl-၇.jpg

ထိုင်ဝမ်နိုင်ငံရေးသမား ကျောင်ယန်ဖိန့်ရဲ့ အသက် ၁၇ နှစ်အရွယ်သားဖြစ်သူ ဒီဒီကို သူ့ရဲ့ရုပ်ရည်ချောမောမှုကြောင့် လူအများသတိထားမိနေကြပါတယ်။ ဖခင်ဖြစ်သူရဲ့ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သူ့အဖေနဲ့ တွေ့ခဲ့ကတည်းက သူ့ကို စပြီးသတိထားမိခဲ့ကြတာပါ။ သူ့ရဲ့ပုံတွေက အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့ပြီး ကိုရီးယားမီဒီယာတွေက ထိုင်ဝမ်နိုင်ငံရဲ့ Cha Eun Woo လို့တောင် တင်စားခဲ့ကြပါတယ်။

လူပြောများလာခဲ့ပြီးတဲ့နောက်မှာ ဒီဒီက Valentine’s Day နေ့မှာ အင်စတာဂရမ်အကောင့် derder0904 ကို စသုံးခဲ့ပါတယ်။ လက်ရှိအချိန်ထိ သူ့အကောင့်မှာ ပုံ အနည်းငယ်ပဲရှိသေးပေမဲ့ ဖော်လိုဝါ ၂ သိန်း ၈ သောင်းကျော်နေပါပြီ။ ဖခင်ဖြစ်သူ ယန်ဖိန့်က သူ့သား အခုလိုနာမည်ကြီးလာဖို့ မမျှော်လင့်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

သတင်းထုတ်ပြန်ချက်တွေအရ ဒီဒီဟာ လွန်ခဲ့တဲ့ ၆ လလောက်က တိုင်ပေအခြေစိုက် မော်ဒယ်အေဂျင်စီ Catwalk Production House မှာ အကသင်တန်းတက်ရောက်နေခဲ့တယ်လို့ သိရပါတယ်။ အနုပညာလောကထဲ ဒီဒီဝင်ရောက်လာတော့မှာလားလို့ အေဂျင်စီကို မေးတော့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “လက်ရှိမှာတော့ လေ့ကျင့်ရေးအတွက် အာရုံစိုက်နေတုန်းပါ။ ဒီဒီက ကောင်းကောင်းလုပ်ဖို့ စိတ်အားထက်သန်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပညာ‌ရေးကလည်း သူ့အတွက် အရမ်းအရေးကြီးပါတယ်။ သူ့ရဲ့အနာဂတ်အစီအစဉ်တွေက သူ့အပေါ်နဲ့ သူ့မိဘတွေရဲ့ဆန္ဒတွေအပေါ် မူတည်နေပါတယ်”လို့ ဆိုထားပါတယ်။

Ref: 17-Year-Old Son of Taiwanese Politician Is So Good Looking, He’s Been Called The ‘Taiwan’s Cha Eun Woo’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top