ကမ္ဘာ့ ပထမဆုံး In-Display Fingerprint Scanning နည်းပညာကို Vivo ထုတ်ဖော်ပြ

vivo-2.jpg

Vivoက အနာဂတ် စမတ်ဖုန်းဒီဇိုင်းတွေအတွက် အသွင်သစ်၊ အယူအဆသစ်လို့ ဆိုနိုင်တဲ့ APEX ကို ဒီနေ့ (Feb 26) မှာ ထုတ်ဖော်ပြသလိုက်ပါပြီ။ ဒီစမတ်ဖုန်းဟာ မျက်နှာပြင် တစ်ဝက်အထိ In-display fingerprint scanning နည်းပညာကို ထည့်သွင်းထားပြီး ကမ္ဘာပေါ်မှာ screen-to-body အချိုး အမြင့်ဆုံးလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

FullViewTM နည်းပညာဟာ Vivo ကို လုံးဝဆန်းသစ်တဲ့ အဆင့်အတန်း တစ်ခုဆီ ရောက်ရှိသွားစေသလို၊ ကင်မရာပိုင်းဆိုင်ရာ၊ စပီကာ နဲ့ ဆင်ဆာပိုင်းတွေမှာလည်း အသွင်သစ်နဲ့ ပိုမိုကောင်းမွန်လာစေခဲ့ပါတယ်။

Vivo ဟာ in-display fingerprint scanning နည်းပညာကိုလည်း အစဦးဆုံးအဖြစ် ချဉ်းကပ်စမ်းသပ်ခဲ့ကာ X20 Plus UD မော်ဒယ် မှာ စတင်ထည့်သွင်းပြီး အမြောက်အများ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုလည်း APEX မှာ ကမ္ဘာ့ ပထမဆုံး မျက်နှာပြင်တစ်ဝက် in-display fingerprint ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ APEX ရဲ့ ထိပ်ပိုင်းနဲ့ ဘေးနှစ်ဘက်ရဲ့ bezel တွေက 1.8mm ဖြစ်ပြီးအောက်ခြေ bezel ကတော့ 4.3mmဖြစ်တာကြောင့် bezel အကျဉ်းမြောင်းဆုံးလို့ ဆိုရပါလိမ့်မယ် အကယ်၍သာ အောက်ခြေ bezel ဟာ 1.8mm ဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုယ်ထည်ပေါ်က မျက်နှာပြင် အချိုးက 98% ဖြစ်လာပြီး တကယ့်ကို စစ်မှန်တဲ့ bezel-less ဖန်တီးမှု အတွေ့အကြုံသစ်ကို ရရှိမှာ ဖြစ်ပါတယ်။

vivo 5

OLED platform ရဲ့ ပြုပြင်ပြောင်းလဲလွယ်မှုကြောင့် microchip ကို circuit board မှာ တိုက်ရိုက်တပ်ဆင်နိုင်ခဲ့ပြီး APEX ရဲ့ ရင်သပ်ရှုမောစရာ ကိုယ်ထည်နဲ့ မျက်နှာပြင် အချိုးကို ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ APEX မှာ ပါဝင်တဲ့ Screen Sound Casting နည်းပညာဟာ တုန်ခါမှုကနေတစ်ဆင့် မျက်နှာပြင်ဆီ အသံကို ပို့ဆောင်ပေးတာကြောင့် သမားရိုးကျ စပီကာတွေကို မလိုအပ်တော့ပါဘူး။

vivo 6

Bezel-less စမတ်ဖုန်းတွေအတွက် အခြားသော အသံထွက်ဆိုင်ရာ ဖြေရှင်းမှုတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စွမ်းအင်ကို ပိုမိုထိန်းသိမ်းနိုင်ပြီး၊ အသံယိုစိမ့်မှုကိုလည်း လျော့နည်းစေပါတယ်။ အနိမ့်သံကနေ မြင့်မားတဲ့အသံအထိ ပိုပြီး ညီမျှကောင်းမွန်တဲ့ အသံထွက် အရည်အသွေးကို တွေ့ကြုံခံစားရစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် APEX မှာ 8MP အရှေ့ကင်မရာကို တပ်ဆင်ပေးထားပြီး 0.8 စက္ကန့်အတွင်း ကောင်းမွန် ချောမွေ့တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်နိုင်ပါတယ်။

vivo 4

Proximity sensor နဲ့ အလင်း အာရုံခံစနစ်ကို အတူတကွ တွဲထားတာကြောင့် သမားရိုးကျ ကင်မရာတွေမှာလို နေရာယူများတာမျိုး မရှိစေတော့သလို အသုံးပြုသူတွေအတွက် ထူးခြားတဲ့ Selfie ရိုက်ကူးမှု အတွေ့အကြုံကို ရရှိစေတယ်လို့ ဆိုပါတယ်။ APEX ရဲ့ကမ္ဘာ့ ပထမဆုံး မျက်နှာပြင်တစ်ဝက် In-Display Fingerprint Scanning Technology မှာ OLED မျက်နှာပြင် အောက်ခြေတစ်ဝက်လုံးကို ပြောင်းလဲမှု ပြုလုပ်ထားတာမို့ အသုံးပြုသူတွေအနေနဲ့ အောက်ခြေတစ်ဝက်ရဲ့ ဘယ်နေရာကိုမဆို ထိတွေ့ပြီး လက်ဗွေဖတ်ခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သက်သောင့်သက်သာရှိပြီး အဆင့်အတန်းမြင့်မားတဲ့ လုံခြုံရေးစနစ် အတွေ့အကြုံကို ရရှိစေမှာပါ။

vivo 3

APEX ဟာ system in Package (SIP) အသစ်ကို အသုံးပြုလိုက်တာကြောင့် DAC နဲ့ အမ်ပလီဖိုင်ယာတွေကို အတူတကွ စုစည်းထားပြီး ဆားကစ်ဘုတ် နေရာ လိုအပ်ချက်ဟာ Xplay6 နဲ့ နှိုင်းယှဉ်လိုက်ရင် ၆၀ ရာခိုင်နှုန်းနီးပါးလောက် လျော့နည်းသွားတာကို တွေ့ရပါတယ်။ နေရာလွတ်ပိုများလာတာက ဘက်ထရီ အရွယ်အစားကို ချဲ့ထွင်နိုင်သလို၊ အအေးပေးစနစ်အတွက်လည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အနာဂတ် စမတ်ဖုန်းတွေအတွက်လည်း ဒီဇိုင်းတိုးတက်မှု အထောက်အပံ့ ဖြစ်လာမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top