Raw Format တစ်ခုရဲ့ နောက်ကွယ်ကဖြစ်ရပ်များ

67417869_10214299570392603_4257998150251315200_n1.jpg

ဒီနေ့ခေတ် Digital Camera ရဲ့ နည်းပညာတွေကတော့ မျက်တောင်တခတ်အတွင်းမှာပဲ အဖြစ်အပျက်ပေါင်း များစွာနဲ့ ပြောင်းလဲ တိုးတက်နေပါတယ်။ ဒါပေမဲ့ တချို့သောသူတွေက နည်းပညာနောက်ကို အမီလိုက်ရင်း မောပန်းနေကြသလို မလိုက်နိုင်လို့ ကျန်ရစ်သူတွေလည်း ရှိနေပါတယ်။ ဓာတ်ပုံဝါသနာရှင် အများစုကတော့ နည်းပညာတွေ အားပြိုင်နေတဲ့ ကမ္ဘာကြီးထဲက သားကောင်တွေပါပဲ။

သို့ပေမဲ့လည်း အားလုံးသော ပညာရှင်၊ ဝါသနာရှင်အပေါင်းတို့ကတော့ နောက်ဆုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြရင်း အမှတ်မထင် ရှေ့ဆုံးခုံတန်းလေးမှာ ထိုင်စောင့်နေမိကြပြန်ပါတယ်။ ရာသီချိန်မှာ ကြိုးစားစု၊ ရိုးသားမူနဲ့ နည်းပညာတွေကို အပြိုင် ဝယ်ယူနေကြပါတယ်။

ဓာတ်ပုံဝါသနာရှင်မိတ်ဆွေတွေအတွက် အတွေ့အကြုံလေးတစ်ခုမျှဝေပေးဖို့ စိတ်ကူးရလာပါတယ်။ အဲဒါကတော့ ဓာတ်ပုံရိုက်ကူးကြတဲ့အခါမှာ Image Quality ကောင်းကောင်း ပုံတစ်ပုံဖြစ်ဖို့အတွက် Raw Format ကိုသုံးပြီး ရိုက်ယူကြဖို့ အကြံပြုပါရစေ။ Raw File format ရဲ့ အားသာချက်တွေက များပြား လှပါတယ်။ အဲဒီထဲကမှ တချို့ကို ပြောပြပေးလိုက်ပါ့မယ်။

– Exposure Over/ Under 3-stop လောက်ထိမှားယွင်းခြင်းကို recover ပြုလုပ်နိုင်ခြင်း

– White Balance ကို မိမိ လိုအပ်ချက်အတိုင်း ပြန်လည်ပြင်ဆင်နိုင်ခြင်း

– High Dynamic Range ကို ကောင်းမွန်စွာ recover ပြုလုပ်နိုင်ခြင်း

– Color Profile ကို မိမိ လိုအပ်သလို ပြောင်းလဲသတ်မှတ်နိုင်ခြင်း၊

– Noise Handling ကို ကောင်းမွန်စွာ ပြုပြင်နိုင်ခြင်း၊

– တန်ဖိုးကြီးပေး၍ ဝယ်ယူထားသော Camera တစ်လုံး၏ Effective Megapixels ကို အပြည့်အဝရရှိခြင်း

– ဈေးကြီးလွန်းသည့် မှန်ဘီလူးများ၏ အရည်အသွေးကို ရာနှုန်းပြည့် ရယူနိုင်ခြင်း

စတဲ့အခွင့်အရေးပေါင်းများစွာကို ကျွန်တော်တို့ရလာနိုင်မှာပါ။

Photo By Kyaw Win Hlaing (Camera- Sony a7RM3, Lens – FE 16~35mm f2.8 GM, Focal Length – 19mm, Aperture – f/9, Shutter Time- 1/6sec, ISO – 80, File Format – RAW)

ဝါသနာရှင်တစ်ဦးအနေနဲ့ ဒီအချက်အလက်တွေကို ပိုင်ဆိုင်ရယူချင်တယ်ဆိုရင်တော့ Raw Format နဲ့ပဲ ပြောင်းလဲ ရိုက်ကူးကြဖို့ အကြံပြုလိုက်ပါရစေ။

ဓာတ်ပုံအနုပညာကို ချစ်မြတ်နိုးသူတိုင်း နှလုံးသားလှနိုင်ကြပါစေ…။

KWH Photography
(09-450 061 686)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top