လူသားတွေနဲ့ ရာသီဥတုအခြေအနေတွေကြောင့် စိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ ကမ္ဘာကြီး

yyl-039-3.jpg

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့အနုပညာလက်ရာတွေက လွန်ခဲ့တဲ့နှစ် (၅၀) အတွင်းမှာ စပြီးစိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ယနေ့ခေတ်ထိလည်း ကမ္ဘာကြီးနဲ့ ပတ်သက်ပြီး လူသားတွေ သိမြင်လာမယ့် အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့တွေက တစ်ခုခုဆိုရင် အကြားထက် အမြင်ကို ပိုပြီးယုံကြည်ကြသလို ကိုယ့်ကိုယ်တိုင် မျက်လုံးနဲ့မြင်တွေ့လိုက်ရတာက ပိုကောင်းပါတယ်။

ရာသီဥတုပြောင်းလဲတာ၊ ရေကြီးရေလျှံတာ၊ သစ်တောမျိုးတုံးတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အားလုံးသိကြမှာပါ။ ဒါပေမဲ့ ဒီအမှန်တရားကို ကျွန်တော်တို့ကိုယ်တိုင် မြင်တွေ့တဲ့အခါမှသာ ကမ္ဘာကြီးမှာ ဘယ်လိုတွေဖြစ်ပျက်နေလဲ၊ ဘယ်လိုကယ်တင်ရမလဲဆိုတာ နားလည်မှာဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအတွက် ကမ္ဘာကြီးပေါ်မှာဖြစ်ပျက်နေတဲ့အရာတွေကို ဖန်တီးပုံဖော်ထားတဲ့ပုံတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဖက်ရှင်လောကရဲ့သားကောင်ဖြစ်နေကြရတဲ့တိရစ္ဆာန်တွေ

အနာဂတ်မျိုးဆက်သစ်တွေက ဒီလိုရေမျိုးမှာ ရေကူးရနိုင်ခြေရှိပါတယ်

Little Mermaid သာ အခုလက်ရှိမှာ ရှိနေခဲ့မယ်ဆိုရင် စိတ်ပျက်နေမှာပါ

ခေတ်တစ်ခေတ်နဲ့တစ်ခေတ် ပြောင်းလဲလာပုံများ

အနီးကပ်ကြည့်လိုက်ပါ…ဂျယ်လီငါးတွေမဟုတ်ပါဘူး

လူသားတွေဆီကနေ တိရစ္ဆာန်လေးတွေကို ကယ်တင်ဖို့လိုနေပါပြီ

ကမ္ဘာကြီးရဲ့အဆုတ်လို့ခေါ်တဲ့ အမေဇုန်တောလည်း ရာသီဥတုဖောက်ပြန်မှုကြောင့် တောမီးလောင်ခဲ့ရပါတယ်

ရေခဲတွေကတောင် ပင်ဂွင်းငှက်တွေ ရှင်သန်ဖို့ ကူညီပေးနိုင်တော့မှာမဟုတ်ပါဘူး

ပင်လယ်နေသတ္တဝါတွေအတွက် အသက်မဲ့အပေါင်းအဖော်

လူတိုင်းက သူတို့လိုချင်တာကိုပဲ မြင်ကြပါတယ်

လူတွေရဲ့သင်္ကေတတွေက နေရာတိုင်းမှာပါပဲ

ရေအောက်ကမ္ဘာက ဒီအတွက် ကျွန်တော်တို့ကို ကျေးဇူးတင်မှာမဟုတ်ပါဘူး

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top