လူ့ခန္ဓာကိုယ်မှာ ဖြစ်ပွားတဲ့ ထူးခြားဆန်းကြယ်မှုများ

happen-human-body-big.jpg

ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ရှုပ်ထွေးနေတဲ့စက်ပစ္စည်းလိုဖြစ်လို့လှုံ့ဆော်မှုကို ချက်ချင်းတုံ့ပြန်တတ်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေက ကိုယ်အင်္ဂါကို ရုတ်တရက်ကာကွယ်ချင်လို့ဖြစ်နိုင်သလို ကိစ္စတစ်ခုကို ပိုကောင်းအောင်ဆောင်ရွက်ချင်လို့ လည်းဖြစ်နိုင်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေက တစ်ခါတလေမသိလိုက်ဘဲ ပြုမူမိတာဖြစ်နိုင်သလို အခြေအနေအကြောင်းပေါ်မူတည်ပြီး ခဏတစ်ဖြုတ်လည်း ဖြစ်နိုင်ပါတယ်။ ရေထဲမှာလက်ကိုအကြာကြီးစိမ်ထားတဲ့အခါ ပဲကြီးရေစိမ်လိုက်တာ ဘာကြောင့်လို့ထင်ပါသလဲ။ မီးရောင်စူးစူးကိုတွေ့ရင် ကျွန်တော်တို့ဘာကြောင့် မျက်တောင်ခတ်တာလဲ။ ကြက်သီးမွှေးညင်းထရတဲ့အကြောင်းရင်းကရော ဘာများဖြစ်နိုင်မလဲ။ ဒါတွေအားလုံးကတွေးစရာချည်းပါပဲ။

ဒီဖြစ်ရပ်တွေအသီးသီးမှာ အကြောင်းရင်းရှိပါတယ်။ ဘာတွေများလဲကြည့်ရအောင်..

၁။ လက်ပဲကြီး ရေစိမ်လိုက်တာဘာကြောင့်များလဲ
လက်အရေပြားကရေနဲ့အကြာကြီးထိတွေ့ရတဲ့အခါ ရှုံ့တွလာပါတယ်။ ဒါက ခန္ဓာကိုယ်ကရေအောက်မှာကောင်းကောင်းစုပ်ယူခြင်းခံရနိုင်တယ်ဆိုတာပြသပါတယ်။

၂။ ကြက်သီးမွှေးညှင်း ဘာကြောင့်ထတာလဲ
ဒါက ခန္ဓာကိုယ်က မသိလိုက်ဘဲ တုံ့ပြန်မိလို့ပါ။ ကြောက်လန့်တဲ့အခြေအနေမျိုးတွေ့ရင် ဆံပင်ထောင်သွားတာမျိုး၊ အေးမြတဲ့ဆောင်းရာသီမှာ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့အတွက် အမွှေးတွေထောင်တက်သွားသလို ခိုက်ခိုက်တုန်ခံစားမှုမျိုးပါ။

၃။ ဘာကြောင့်သမ်းဝေကြသလဲ
များသောအားဖြင့် အိပ်ရေးမဝတဲ့အတွက် သမ်းဝေကြတယ်ပေါ့။ ဒါပေမယ့် ဒါက ဦးနှောက်ရဲ့ အပူချိန်ကိုလျှော့ချချင်လို့ သမ်းတာလည်းဖြစ်နိုင်ပါတယ်။

၄။ အိပ်ရာကနိုးလာရင် ဘာကြောင့် အကြောဆန့်တာလဲ
အကြောဆန့်တာက အာရုံကြော နှင့် သွေးကြောတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပြီး တစ်နေ့တာလုပ်ငန်းစဉ်ဆောင်ရွက်နိုင်အောင် နှိုးဆော်ခြင်းသဘောပါ။

၅။ နှာချေတာဘာကြောင့်လဲ
အသက်ရှူလမ်းကြောင်းစနစ်မှာ ဖုန်မှုန့် ၊ အညစ်အကြေးတွေကိုဖယ်ရှားဖို့ ခန္ဓကိုယ်ကခုခံကာကွယ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

၆။ ပါးပေါ်ကိုမျက်ရည်စီးကျတာဘာကြောင့်လဲ
ဝမ်းနည်း၍ပဲငိုငို ၊ ဝမ်းသာ၍ပဲငိုငို အခြေခံကျတဲ့အကြောင်းရင်းကတော့ မျက်လုံးအိမ်က အမှိုက်သရိုက်များကို မျက်ရည်နှင့်အတူဖယ်ရှားရှင်းလင်းနိုင်ခြင်းပဲဖြစ်ပါတယ်။

၇။ ကြို့ထိုးတာဘာကြောင့်လဲ
တစ်ယောက်ယောက်က သတိရနေလို့ ကြို့ထိုးတယ်ဆိုတာမျိုး မဟုတ်ဘဲ ဒီနောက်ကွယ်မှာသိပ္ပံနည်းကျ အကြောင်းရင်းရှိပါတယ်။ စားသောက်တဲ့ အချိန်နှင့် စားသောက်တဲ့အရာတွေလွဲမှားနေလျှင်လည်း    ကြို့ထိုးနိုင်ပါတယ်။

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top