ဆီးနှင်းအောက်မှာ ၁၈ နာရီကြာ ပိတ်မိခဲ့တဲ့ မိန်းကလေးငယ်ကို ကယ်တင်နိုင်ခဲ့

yyl-052-2.jpg

ပါကစ္စတန်နိုင်ငံက စီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသမှာ နေအိမ်ပေါ်ကို ရေခဲနဲ့ဆီးနှင်းပြိုကျလို့ ဆီးနှင်းအောက်မှာ ၁၈ နာရီကြာ ပိတ်မိခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဆီးနှင်းဖုံးလွှမ်းနေတဲ့ အခန်းထဲမှာ ပိတ်မိနေတုန်း အသံကုန် အော်ဟစ်ပြီး အကူအညီတောင်းခဲ့တယ်လို့ မိန်းကလေးငယ် ဆမီနာဘီဘီက ပြောပါတယ်။ ဆမီနာဘီဘီကို ကယ်တင်နိုင်ခဲ့ပေမဲ့ သူ့ရဲ့မိသားစု တော်တော်များများကတော့ သေဆုံးခဲ့ပါတယ်။ ဆမီနာဘီဘီဟာ ဒီဖြစ်ရပ်ကြောင့် ခြေထောက်ကျိုးခဲ့ပြီး ပါးစပ်ကနေ သွေးအန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နီလမ်တောင်ကြားမှာ ရေခဲနဲ့ဆီးနှင်းပြိုကျတာ၊ မြေပြိုတာတွေကြောင့် အနည်းဆုံး လူ ၇၄ ယောက် သေဆုံးခဲ့ပါတယ်။ ဟိမဝန္တာတောင်တန်းဒေသမှာရှိတဲ့ ကက်ရှ်မီးယားဒေသဟာ ရာသီဥတုဘေးအန ္တရာယ်တွေ ဖြစ်ပွားလေ့ရှိပေမဲ့ အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ရေခဲနဲ့ ဆီးနှင်းပြိုကျမှု၊ မြေပြိုကျမှုတွေကတော့ လူသေဆုံးမှုအများဆုံး ဘေးအန ္တရာယ်ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top