ခွဲစိတ်မှုကြောင့် သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရဖူးတဲ့ ဖခင်တစ်ဦးဟာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့အသက်ကို ကယ်တင်ဖို့ သူ့ကျောက်ကပ်ကို ပေးလှူခဲ့ပါတယ်။ မိန်းကလေးငယ် အမ်ဘာဟာ ကျောက်ကပ်အလှူရှင်ရှိမှ အသက်ဆက်ရှင်မယ့် အခြေအနေ ဖြစ်နေကြောင်း သိလိုက်ရပြီးနောက်မှာ အန်ဒီအမ်မော့က သူ့ကျောက်ကပ်ကို ပေးလှူဖို့ ချက်ချင်းဆုံးဖြတ်ခဲ့တာပါ။

အင်္ဂလန်နိုင်ငံသား အန်ဒီအမ်မော့ရဲ့ သမီးငယ် ဆာရာဟာ ၈ နှစ်သမီးအရွယ်တုန်းက ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုလုပ်ဖို့ လိုအပ်ခဲ့ပြီး အလှူရှင်တွေ့ဖို့ ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတာပါ။ အင်္ဂလန်ဘောလုံးသမား ကီဗင်ဖီးလစ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဆာရာအတွက် ကျောက်ကပ်အလှူရှင် ရှာဖွေရာမှာ နောက်ဆုံးအလှူရှင် တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ ဆာရာဟာ အစားထိုးခွဲစိတ်မှုလုပ်ပြီး ၃၆၄ ရက်အကြာမှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။ သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မော့ဟာ အမ်ဘာရဲ့ အခြေအနေကို သိချိန်မှာ ကျောက်ကပ်လှူဖို့ ချက်ချင်းဆုံးဖြတ်ခဲ့တာပါ။ အမ်မော့ဟာ ကျောက်ကပ်ခွဲစိတ်ပေးခဲ့ပြီးနောက် ကျန်းမာရေး ကောင်းမွန်နေပြီး လုပ်ငန်းခွင် ပြန်ဝင်နေပါပြီ။
Ref: Dad Gives Kidney to Little Girl After Daughter Dies Following Her Own Transplant
NZ ( ရိုးရာလေး)