နှင်းမုန်တိုင်းထဲမှာ ပီဇာသွားပို့ခဲ့ပေမဲ့ ဘောက်ဆူး ၂ ဒေါ်လာပဲ ရခဲ့သူအတွက် အလှူငွေ ဒေါ်လာ ၂၀၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့တဲ့ ရဲအရာရှိ

21.1.2025-yyl-1.png

နှင်းမုန်တိုင်းထဲမှာ ပီဇာသွားပို့ခဲ့ပေမဲ့ ဘောက်ဆူး ၂ ဒေါ်လာပဲ ရခဲ့တဲ့ ပစ္စည်း ပို့ဆောင်သူအတွက် ရဲအရာရှိတစ်ဦးက အလှူငွေဒေါ်လာ ၂၀၀၀၀ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်က ဘတ်စ်ကား မတော်တဆမှု သတင်းပေးကြောင့် လာရောက်ကြည့်ရှုခဲ့တဲ့ ရဲအရာရှိ ရစ်ချက်ခရိတ်ဟာ ဒေါ်လာ ၄၀ တန် ပီဇာတစ်ချပ်ကို ပို့ဆောင်ဖို့ နှင်းမုန်တိုင်းကို ဖြတ်သန်းပြီး မိုင်ဝက် အကွာအဝေးအထိ ခြေကျင်ခရီးနှင်ခဲ့တဲ့ ပစ္စည်း ပို့ဆောင်သူ ကော်နာစတီဖာနော့ဖ်ကို သတိထားမိခဲ့တာပါ။

” မယုံနိုင်လောက်အောင် အံ့သြသွားတာ။ သူ့ရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုနဲ့ အလုပ်အပေါ်ထားတဲ့ စိတ်ဓာတ်က အသက်အရွယ်နဲ့ မလိုက်အောင်ပါပဲ” လို့ ရစ်ချက်ခရိတ်က ဆိုပါတယ်။ စတီဖာနော့ဖ်က ဆိုးရွားတဲ့ ရာသီဥတုကို အံ့တုပြီး ပစ္စည်းပို့ပေးခဲ့ပေမဲ့ သူ့ရဲ့ အားထုတ်မှုအတွက် ဘောက်ဆူး ၂ ဒေါ်လာပဲ ရတယ်လို့ သိလိုက်ရချိန်မှာ ရစ်ချက်ခရိတ်က စိတ်မကောင်း ဖြစ်သွားခဲ့ပါတယ်။

စတီဖာနော့ဖ်ကို ကူညီပေးဖို့ ရစ်ချက်ခရိတ်က ဒီအကြောင်း TikTok ပေါ် တင်ခဲ့ရာမှာ ၁၂ နာရီအတွင်း ကြည့်ရှုသူ ၁၅၀၀၀ ကျော်ရှိခဲ့သလို စတီဖာနော့ဖ်ကို ကူညီပေးမယ်ဆိုတဲ့ စာပေးပို့မှုတွေပါ လက်ခံရရှိခဲ့ပါတယ်။ ရစ်ချက်ခရိတ်က စတီဖာနော့ဖ်အတွက် ဒေါ်လာ ၅၀၀ လောက်ရစေဖို့ ရည်ရွယ်ပြီး GoFundMe စာမျက်နှာ ဖွင့်လှစ်ခဲ့ရာမှာ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ အလှူငွေဒေါ်လာ ၂၀၀၀၀ ကျော် ရရှိခဲ့တာပါ။

Rock Star ပီဇာဆိုင်မှာ အလုပ်လုပ်တဲ့ စတီဖာနော့ဖ်ဟာ အဘွားဖြစ်သူနဲ့အတူ နေထိုင်ပြီး သူတို့နှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက် ဒီအလုပ်ကို မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

Ref: Officer Raises Over $20K For Delivery Driver Who Only Got A $2 Tip In A Snow Storm
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top