အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အလယ်ပိုင်း ပီကာလွန်ဂန်မြို့မှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ ၁၆ ဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့က ပီကာလွန်ဂန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွားခဲ့တာလို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သက်သာလျော့ပါးရေး အေဂျင်စီမှ အရာရှိ ဘာဂက်စ်က ပြောပါတယ်။
” ရှာဖွေရေးလုပ်နေပါတယ်။ ရာသီဥတုအခြေအနေ ဆိုးရွားနေလို့ အချိန်လုပြီး လှုပ်ရှားနေရပါတယ်”လို့ ဘာဂတ်စ်က ဆိုပါတယ်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဟန့်အတား ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
Ref: Landslide kills 16 in Indonesia’s Central Java, official says
NZ ( ရိုးရာလေး)