Valentine’s Day ကတ်တွေ မရဖူးတဲ့သူတွေဆီ ကတ် (၁၆၀၀၀) ပို့ပေးတဲ့ ဆယ်ကျော်သက်

14.2.2023-image-၉.jpg

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပတ်ထရစ် ခါဖ်မန်းဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ဝါရှင်တန်ဒီစီစားနပ်ရိက္ခာအဖွဲ့တစ်ခုမှာ လူငယ်စေတနာ့ဝန်ထမ်းအဖြစ် သူငယ်ချင်းတချို့နဲ့အတူ Valentine’s Day ကတ် အခု (၃၀) ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ကတ်တွေကို နေမကောင်းတဲ့ကလေးတွေနဲ့ လူကြီးတွေဆီ ပေးပို့တဲ့ အစားအသောက်ထုတ်ပိုးမှုအတွင်း ထည့်ပေးခဲ့တာပါ။ အဲဒီကနေစပြီး Valentine’s Day ကတ်မရဖူးတဲ့သူတွေဆီ ကတ်တွေပြုလုပ်ပြီးပို့ပေးနေခဲ့တာပါ။

၂၀၂၀ ခုနှစ်မှာ ပတ်ထရစ်ဟာ သူ့ကျောင်းက သူငယ်ချင်းတွေကို ၂၀၂၁ ခုနှစ် Valentine’s Day အတွက် ကတ် ၃၀၀ ဖန်တီးပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ Food & Friends အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းက ထုတ်ပေးတဲ့အစားအသောက်တွေမှာ ထည့်ပေးဖို့ပါ။ အဲဒီနောက် ၂၀၂၂ ခုနှစ်မှာ ကျောင်းသူ/သားတွေရဲ့အကူအညီနဲ့ ကတ် ၃၀၀ ကနေ ကတ် ၃၀၀၀ အထိ လုပ်ခဲ့ပါတယ်။

အခုနှစ်မှာတော့ တစ်ခုမှမရဖူးတဲ့သူတွေအတွက် Valentine’s Day ကတ် (၁၆၀၀၀) ဖန်တီးဖို့ လုပ်ခဲ့ပါတယ်။ ဒါတွေကို ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်တွေက ကျောင်း (၆၂) ကျောင်းမှ ကျောင်းသား/သူတွေ ပြုလုပ်ခဲ့တာပါ။ ပတ်ထရစ်က ကိုယ်တိုင်ကိုယ်ကျ စာသင်ကျောင်းတွေဆီသွားပြီး စေတနာ့ဝန်ထမ်းတွေကို စုဆောင်းခဲ့တာပါ။

ပတ်ထရစ်က “Valentines by Kids” လို့ခေါ်တဲ့ သူ့ရဲ့ပရောဂျက်အတွက် ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲဒီကနေတဆင့် လူတွေကို မေတ္တာစာတွေ ရေးသားပြီး ချစ်ခြင်းမေတ္တာဖြန့်ဝေကြဖို့ တိုက်တွန်းပါတယ်။ ဘူးတွေထဲထည့်ထားတဲ့ ကတ် ၁၆၀၀၀ ကို အဖွဲ့အစည်း ၆၀ ဆီပို့ဆောင်ပေးမှာပါ။ ဒီကတ်တွေက လက်ခံရရှိမယ့်သူတွေကို ပြုံးပျော်ရွှင်စေမယ်လို့ ပတ်ထရစ်က မျှော်လင့်နေပါတယ်။

Ref: Kind-hearted teen sends 16,000 Valentine’s day cards to people who won’t usually get one

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top