တစ်နေကုန်အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ

54e7c77503b30787ebb0826d23894ede.jpg

သင်က ထိုင်ခုံမှာ ကော်နဲ့ကပ်ထားသလို တစ်နေ့ကုန်ထိုင်နေပြီး ရုံးအလုပ်တွေကို အချိန်မီပြီးစီးဖို့အတွက် ကွန်ပျူတာပဲ သုံးနေရင်တော့ အဲဒီလိုအပြုအမူမျိုးက သင့်ကျန်းမာရေးအတွက် ကောင်းတဲ့ရလဒ်တော့ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ သင်က ရုံးမှာ အချိန်ကြာကြီး ထိုင်ပြီး အလုပ်လုပ်နေရတယ်ဆိုရင် တစ်နေ့ကုန် အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ မျှဝေပေးလိုက်ရပါတယ်။

နှလုံးပြဿနာများ

နှလုံးရောဂါတွေက အချိန်အကြာကြီးထိုင်တာကြောင့် ဖြစ်လာတဲ့ ဆိုကျိုးတွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့ ထိုင်နေတဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှု နည်းတဲ့အတွက်ကြောင့်ဖြစ်ပြီး ရလဒ်အနေနဲ့ fatty အက်ဆစ်တွေက ကျွန်တော်တို့ရဲ့ သွေးလွှတ်ကြောတွေမှာ လျော့နည်းလာနိုင်ပါတယ်။

ခန္ဓာကိုယ်နာကျင်ခြင်း

လည်ပင်း၊ ပခုံး၊ နောက်ကျောတွေ နာကျင်နေတယ်ဆိုရင် သင်က တစ်နေ့ကုန် အထိုင်များတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

ကိုယ်နေဟန်ထားမမှန်ခြင်း

အဆက်မပြတ်ထိုင်နေတဲ့အခါ ကျွန်တော်တို့ရဲ့ ပခုံးမှာ အားစိုက်မှုပမာဏများလာပြီး ကိုယ်နေဟန်ထားပိုင်းမှာ သက်ရောက်မှုရှိလာနိုင်ပါတယ်။ သင်က ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး ကုန်ဆုံးရတဲ့ သူဆိုရင် ကိုယ်နေဟန်ထားပိုင်းမှာ အားနည်းလာနိုင်ပါတယ်။

ဦးနှောက်ပျက်စီးခြင်း

တစ်နေ့ကုန် အထိုင်များခြင်းကြောင့် သင့်ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့အပြင် သင့်ဦးနှောက်ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ အချိန်အကြာကြီးထိုင်တာက ဦးနှောက်ရဲ့ မှတ်ဉာဏ်အသစ်တွေ ဖြစ်စေတဲ့အပိုင်းကို ပါးသွားစေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

ကိုယ်အလေးချိန်တက်ခြင်း

ထိုင်ခုံမှာ ကော်နဲ့ ကပ်ထားသလို ထိုင်ပြီး အလုပ်လုပ်နေခြင်းက ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်းက အဝလွန်ရောဂါကို ဦးတည်နေပါတယ်။

ဆီးချိုရောဂါဖြစ်ပွားနိုင်ချေများခြင်း

လှုပ်လှုပ်ရှားရှားမနေတဲ့သူတွေက အခြားသူတွေနဲ့ ယှဉ်ရင် ဆီးချိုရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်းက ဆီးချိုရောဂါဖြစ်နိုင်ချေကို မြင့်မားလာစေနိုင်တယ်လို့ သိရပါတယ်။

စိုးရိမ်ပူပန်ခြင်း

ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အချိန်အကြာကြီးအလုပ်လုပ်တာက သင့်ရဲ့ အိပ်စက်ချိန်စက်ဝန်းကို အနှောင့်အယှက်ဖြစ်စေလောက်တဲ့အထိ စိုးရိမ်ပူပန်ခြင်းကို ခံစားရစေပါတယ်။

ဘာတွေလုပ်ဆောင်ရမလဲ

ဒီလိုပြဿနာတွေအတွက် ဖြေရှင်းနည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ နာရီဝက် တစ်ခါ ထိုင်ခုံကနေ ထပြီး လှုပ်လှုပ်ရှားရှားနေဖို့ဖြစ်ပါတယ်။ ရုံးထဲမှာ (သို့) ရုံးအနီးနားမှာ ခဏလောက် လမ်းလျှောက်ပေးနိုင်ပါတယ်။ လည်ပင်းနဲ့ နောက်ကျောအတွက်ကတော့ နောက်ကျောနာတာ၊ လည်ပင်းနာတာတွေ လျော့နည်းစေဖို့ နာရီဝက်တိုင်း ငါးမိနစ်လောက် အကြောဆန့်ပေးရမှာဖြစ်ပါတယ်။

စာဖတ်ပရိသတ်တွေထဲမှာ ကွန်ပျူတာရှေ့မှာ တစ်နေ့ကုန် ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူရှိရင်တော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်အောင် အပေါ်မှာ ဖော်ပြပေးထားတဲ့ နည်းလမ်းလေးကို လိုက်နာကြည့်လိုက်ကြပါနော်…။

Ref: TOI “dangerous side-effects of sitting all day”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top