အလုပ်ခွင်မှာ လေးစားမှုခံရဖို့အတွက် မလုပ်သင့်တဲ့အပြုအမူများ

1-article.jpg

အလုပ်ခွင်မှာ သင်က အလုပ်ကြိုစားတဲ့အပြင် စိတ်ကျေနပ်စရာကာင်းတဲ့ဝန်ထမ်းတစ်ယောက်လည်း ဖြစ်နေပေမယ့် လေးစားမှုမခံရသလို ခံစားနေရတယ်လား။ တစ်ခါတရံမှာ အဲဒီလိုဖြစ်နေပြီဆိုရင် သင်ကိုယ်တိုင် ရပ်တန့်ပစ်ရမယ့် အရာတွေရှိလာတဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် အလုပ်ခွင်မှာ လေးစားမှုခံရချင်ရင် ရပ်တန့်ပစ်ဖို့ လိုအပ်တဲ့ အပြုအမူတွေကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ရပါတယ်။

ကြားဖြတ်ပြောခြင်း

အခြားသူတွေ စကားပြောနေတုန်း ကြားဖြတ်ပြောတာက မလေးစားတဲ့အပြုအမူသဘောကို ဆောင်ပါတယ်။ ဒါကြောင့် ကြားဖြတ်ပြောမိနေရင် ရပ်တန့်ပစ်လိုက်ပါ။ အခြားသူ စကားပြောနေတဲ့အခါ သေချာဂရုစိုက် နားထောင်ပေးလိုက်ပါ။

အစည်းအဝေးအချိန်မမှန်ခြင်း

သင်က အစည်းအဝေးကို နောက်ကျမှ ရောက်တာ၊ နောက်ကျမှ စတင်တာတွေက အခြားသူတွေအတွက် စိတ်ကသိကအောက်ဖြစ်စေပါတယ်။ အစည်းအဝေးခန်းမမှာ သင့်ကို စောင့်ဆိုင်းနေကြမယ့်သူတွေ အများကြီးရှိနိုင်တဲ့အတွက် အစည်းအဝေးကို နောက်ကျမှ ရောက်တာ၊ နောက်ကျမှ စတင်တာတွေက သင်က သူတို့ရဲ့အချိန်တွေကို ဖြုန်းတီးရာရောက်ပါတာယ်။ ဒါကြောင့် အစည်းအဝေးနဲ့ ပတ်သက်ပြီး အချိန်ကို လေးစားသင့်ပါတယ်။

အစည်းအဝေးမှာ စကားအများကြီးပြောခြင်း

လိုတာထက်ပိုပြောတဲ့သူ၊ စကားအရမ်းများတဲ့သူကို ဘယ်သူကမှ ကြိုက်မယ်မထင်ပါဘူး။ အစည်းအဝေးခန်းမှာ စကားအများကြီးမပြောဖို့၊ လိုတာထက်ပိုမပြောဖို့ သတိထားသင့်ပါတယ်။ အစည်းအဝေးကျင်းပနေစဉ်အတွင်း တစ်ချိန်တည်းမှာ အလုပ်အများကြီးလုပ်ပြနေတာကလည်း မလေးစားရရောက်ပါတယ်။ အစည်းအဝေးက သင်လောက် အရေးမကြီးသလို ဖြစ်စေပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေကို အော်ငေါက်ခြင်း

အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေကို အော်ငေါက်တာတွေလည်း မလုပ်သင့်ပါဘူး။ သင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျိုးကြောင်းဆီလျော်အောင် မဆွေးနွေးနိုင်ရင် ဒေါသထွက်ပြီး အော်ငေါက်တာတွေမလုပ်ဘဲ တတ်နိုင်သလောက် ခဏအချိန်ပေးလိုက်ပါ။

အခန်းငယ်တစ်ခုမှာ ကျယ်ကျယ်လောင်လောင်နဲ့ အစည်းအဝေးကျင်းပခြင်း

အစည်းအဝေးကျင်းပတဲ့အခါ အဖွဲ့အတွက် သတ်မှတ်ထားတဲ့ နေရာ (သို့) အစည်းအဝေးခန်းမှာ အစည်းအဝေးကျင်းပသင့်ပါတယ်။ အစည်းအဝေးခန်းမဟုတ်တဲ့ အခန်းကျဉ်းလေးထဲမှာ ကျယ်ကျယ်လောင်လောင်နဲ့ အစည်းအဝေးကျင်းပတာကလည်း မကောင်းတဲ့အပြုအမူပဲဖြစ်ပါတယ်။

အလုပ်ကို သတ်မှတ်ချိန်အတွင်း မပြီးခြင်း

သင့်အလုပ်ပေါ်မှာ မှီခိုနေရတဲ့အခြားသူတွေအတွက် ဒီအချက်က ဆိုးရွားပါတယ်။ သင့်ကို ပေးထားတဲ့အလုပ်ကို သတ်မှတ်ချိန်အတွင်း မပြီးဘူးဆိုရင် စီမံခန့်ခွဲနေရတဲ့ သင့်သူဌေးလည်း အခက်တွေ့စေနိုင်ပါတယ်။

Ref: Forbes “To Earn More Respect At Work — Stop Doing These Things”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top