စိုးရိမ်ပူပန်မှုတွေ ဖြစ်နေလား

Untitled-4.png

အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်ပူပန်နေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သေချာဂရုမစိုက်ဖြစ်ရင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာဖြစ်လာနိုင်ပါတယ်။ လူတိုင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို နည်းအမျိုးမျိုးနဲ့ တုံ့ပြန်နေရပါတယ်။ စိတ်ဖိစီးလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်လာရပါတယ်။ ပြင်းထန်တဲ့ စိုးရိမ်ပူပန်စိတ်က လူတစ်ယောက်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

စိုးရိမ်ပူပန်နေရတဲ့ လူတွေဟာ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်တွေနဲ့ အတွေးပေါက်မြောက်မြားစွာပြည့်နှပ်နေတာပါ။ စိုးရိမ်ပူပန်မှုကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိရင် ပိုဆိုးရွားလာနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုရဲ့လက္ခဏာရပ်တွေမှာ ရင်တုန်ပန်းတုန်ဖြစ်တာ၊ တုန်တုန်ယင်ယင်ဖြစ်တာ၊ စိတ်ကသိကအောက်ဖြစ်တာ၊ စိတ်ဖိစီးမှုပြင်းထန်တာနဲ့ မူးဝေတာတွေပါဝင်ပါတယ်။ စိုးရိမ်ပူပန်မှုကို ကျော်လွှားပစ်ဖို့ကြိုးစားရပါမယ်။ စိုးရိမ်ပူပန်မှုကြောင့် ဖြစ်လာနိုင်တဲ့ လက္ခဏာရပ်တွေကို ထိန်းနိုင်ဖို့အတွက် အောက်မှာ ဖော်ပြပေးထားတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်အောင် စား‌ပေးသင့်ပါတယ်။

ဗီတာမင် ဒီ

ဗီတာမင်ဒီက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိန်းပေးတဲ့နေရာမှာ အရေးကြီးတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ စိတ်ပုံမှန်မဟုတ်တာကိုလည်း ကုသပေးပါတယ်။ ဗီတာမင်ဒီချို့တဲ့မယ်ဆိုရင် စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုဖြစ်လာစေနိုင်ပါတယ်။ နွားနို့ကလည်း ဗီတာမင်ဒီဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေရောင်ခြည်ကနေလည်း ဗီတာမင်ဒီဓာတ်ရရှိနိုင်ပါတယ်။

ဗီတာမင် B12

ဗီတာမင် B12 ကလည်း သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုပမာဏကို လျော့ချပေးနိုင်ပါတယ်။ ဒီဓာတ်ကို အသားတွေကနေ အများဆုံးရရှိပါတယ်။ စိတ်ပျော်ရွှင်မှုဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးပြီး စိတ်ကို မြှင့်တင်ပေးပါတယ်။ ဒီဓာတ်က အာရုံကြောစနစ်အတွက်လည်း ကောင်းမွန်ပါတယ်။

မဂ္ဂနီစီယမ်

မဂ္ဂနီစီယမ်ကလည်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဓာတ်က လူတွေရဲ့စိုးရမ်ပူပန်မှုကို လျော့ချပေးပါတယ်။ မဂ္ဂနီစီယမ်ဓာတ်ကို အနက်ရောင်ချောကလက်၊ ဟင်းနုနွယ်ရွက်၊ အယ်လ်မွန်စေ့နဲ့ သီဟိုဠ်စေ့တွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အပြင် စိုးရိမ်ပူပန်မှုကို ဖြစ်လာစေတဲ့ လက္ခဏာရပ်တွေကို ထိန်းပေးတဲ့နေရာမှာ အကူအညီပေးပါတယ်။ သင့်စိတ်ကို လန်းဆန်းစေပြီး စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေမဖြစ်အောင် ထိန်းပေးပါတယ်။

Ref: Feeling anxious? Try these five health supplements to manage your anxiety

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top