လီဘရာ ဒီဂျစ်တယ်ငွေကြေး စီမံကိန်းကို ဖေ့ဘွတ်ခ် အသေးစိတ် ထုတ်ပြန်

64859021_2438794916151414_543691904181600256_n.jpg

ဖေ့ဘွတ်ခ်ကတော့ လီဘရာ(Libra)လို့ အမည်ပေးထားတဲ့ ဒီဂျစ်တယ်ငွေကြေးရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း စတင်မယ့် အဲဒီစီမံကိန်းဟာ ငွေကြေးပေးချေမှုတွေကို မက်ဆေ့ပို့သလောက် လွယ်ကူစေလိမ့်မယ်လို့ ဆိုပါတယ်။ လီဘရာငွေကြေးစီမံကိန်းကို ဖေ့ဘွတ်ခ်ကုမ္ပဏီတစ်ခုတည်းက အလုံးစုံထိန်းချုပ်ထားမှာမဟုတ်ပါဘူး။ Visa၊ Uber ၊ Andreessen Horowitz ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီတော်တော်များများကို ပေါင်းစုဖွဲ့စည်းထားတဲ့ Libra Association က စီမံခန့်ခွဲမှာဖြစ်ပါတယ်။

လီဘရာငွေကြေးစီမံကိန်း လည်ပတ်ဖို့အတွက် Libra Association အဖွဲ့ဝင်ကုမ္ပဏီတစ်ခုအနေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀) သန်းစီ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ လီဘရာငွေကြေး ခိုင်မာအားကောင်းစေဖို့ စစ်မှန်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ အပေါင်ထားမှာဖြစ်ပြီး Calibra လို့အမည်ပေးထားတဲ့စနစ်က ငွေကြေး အသွင်း၊ အထုတ်လုပ်တာတွေကို တာဝန်ယူဆောင်ရွက်မှာပါ။ ငွေကြေးပေးချေမှုတွေအတွက် ဝန်ဆောင်ခပေးရမှာဖြစ်ပေမဲ့ မပြောပလောက်တဲ့ပမာဏလောက်ပဲ ပေးရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသုံးပြုတွေရဲ့ ငွေကြေးနဲ့ အချက်အလက်တွေကို ဘယ်လိုကာကွယ်ပေးမလဲ၊ ငွေကြေးတန်ဖိုး ပျက်ပြယ်မသွားအောင် ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့အပေါ် စိုးရိမ်ပူပန်နေကြဆဲပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top