လူငယ်လေးက ညအမှောင်မှာ ရေထဲဒိုင်ဗင်ထိုးဆင်းပြီး ကားထဲပိတ်မိနေတဲ့ အမျိုးသမီးကို ကယ်တင်ပေး

20-6-2022-yyl05.jpg

ညအချိန်မှာ ရေထဲကို ဒိုင်ဗင်ထိုးဆင်းပြီး ကားထဲ ပိတ်မိနေတဲ့ အမျိုးသမီးကို ကယ်တင်ပေးခဲ့တဲ့ လူငယ်တစ်ဦးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံနေရပါတယ်။ ၁၈ နှစ်အရွယ် အမျိုးသမီး မီယာဆမိုလင်စကီးဟာ ဘရိတ်နင်းရမယ့်အစား လီဗာကို နင်းမိပြီး ပတ်ချိုကေးပင်လယ်အော်ထဲ ပြုတ်ကျသွားခဲ့တာပါ။

” ဗွန်းခနဲ ရေစင်တဲ့အသံကြားရပြီး လူတွေအားလုံး ဆိပ်ကမ်းဆီ ပြေးသွားတာ တွေ့လိုက်ရတယ်။ အမျိုးသမီးက တံခါးကို ကန်ချိုးဖို့ ကြိုးစားနေတာ တကယ့်ကို ကြောက်စရာပါပဲ။ အဲဒါကြောင့် ကျွန်တော် ရေထဲ ခုန်ဆင်းသွားတာ” လို့ ၁၇ နှစ်အရွယ် လူငယ် အန်သိုနီက ပြောပါတယ်။

အန်သိုနီဟာ ယာဉ်မောင်းဘက်ခြမ်းတံခါးကို ဖွင့်ပေးပြီး မီယာကို ကားထဲက ခေါ်ထုတ်ကာ ဆိပ်ကမ်းပေါ် တက်နိုင်အောင် ကူညီပေးခဲ့တာပါ။ ” သူရဲကောင်းအစစ်ကတော့ အန်သိုနီပါပဲ။ ဆိပ်ကမ်းမှာ လူတစ်စုရှိနေပေမဲ့ သူတို့က ဗီဒီယိုပဲ ရိုက်နေကြတယ်။ အန်သိုနီကတော့ လက်တွေ့ကူညီပေးခဲ့ပါတယ်။ အန်သိုနီကြောင့် မီယာ အသက်ရှင်နေတာပါ။ ကားက အသစ်ပြန်ဝယ်လို့ ရပါတယ်။ တခြားပစ္စည်းတွေကိုလည်း ပြန်ဝယ်လို့ ရတယ်။ ဒါပေမဲ့ သမီးလေးကို ပြန်ဝယ်လို့ မရဘူး” လို့ မီယာရဲ့အဖေက ပြောပါတယ်။

Ref: Sunnyskyz ” Teen Hero Dives Into Water, Saves Woman Trapped In Sinking Car”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top