ဒေးဗစ်ဘတ်ခမ်းရဲ့ကားပါကင်ထိုးတဲ့အကျင့်ကြောင့် ဒေသခံတွေ စိတ်ပျက်နေ

21-5-2020-yyl-010.jpg

တစ်ချိန်တစ်ခါ ဘောလုံးလောကမှာ နာမည်ကြီးခဲ့တဲ့ ဘောလုံးသမားဟောင်းဒေးဗစ်ဘတ်ခမ်းဟာ သူ့ဇနီး၊ သားသမီး (၃) ဦးတို့နဲ့ Cotswolds ဒေသမှာရှိတဲ့ သူ့ကိုယ်ပိုင်အဆောက်အဦးမှာ လတ်တလော သီးခြားနေထိုင်နေပါတယ်။ အဲဒီကဒေသခံတချို့က ဈေးဝယ်ထွက်တဲ့အခါ ဒေးဗစ်ဘတ်ခမ်းလုပ်လေ့ရှိတဲ့ ကားရပ်တဲ့အကျင့်ကို သိရှိသွားပြီးတဲ့နောက်မှာ စိတ်ပျက်နေကြတဲ့ပုံပါပဲ။ ဒေးဗစ်ဘတ်ခမ်းဟာ Burford မြို့လေးက Mr Bumbles ဆိုတဲ့ဈေးဆိုင်လေးကို တနင်္လာနေ့က လာရောက်ခဲ့ပါတယ်။ သူ့ရဲ့ကားကို ဆိုင်အပြင်ဘက် အဝါမျဉ်းနှစ်ခုမှာ ရပ်ထားခဲ့တဲ့ပုံကို ဓာတ်ပုံရိုက်ထားခဲ့ကြပါတယ်။

အဝါမျဉ်းနှစ်ခုဆိုတာက ကားပါကင်မထိုးရတဲ့အဓိပ္ပါယ်ဖြစ်ပြီး ပစ္စည်းအတင်အချ၊ ခရီးသည်အတက်အဆင်းလောက်သာ ကားတွေကို ခဏရပ်ခွင့်ပြုထားတာဖြစ်ပါတယ်။ တစ်ခါတရံ အချိန်နဲ့ ရာသီအလိုက်တားမြစ်မှုတွေအရ သတိပေးချက်ကို သတ်မှတ်တာဖြစ်ပါတယ်။ ရပ်ထားတာတွေလို့ ဖမ်းမိရင် ပေါင် ၇၀ ဒဏ်ရိုက်ခံရနိုင်ပါတယ်။ (၁၄) ရက်အတွင်း ဒဏ်ကြေးပေးဆောင်မယ်ဆိုရင် (၅၀) ရာခိုင်နှုန်းလျော့ပေးတယ်လို့ သိရပါတယ်။

ဒေးဗစ်ဘတ်ခမ်းနဲ့ သူ့သမီးလေးဟာပါတို့ အပြင်အတူတူထွက်လည်ပြီး တစ်ပတ်အကြာမှာ ဈေးဝယ်ထွက်ခဲ့တာဖြစ်ပါတယ်။ အပြင်အတူတူထွက်တုန်းကလည်း ဘတ်ခမ်းက ထိုင်ခုံခါးပတ်မဝတ်ထားဘူးလို့လည်း သိရပါတယ်။ သူ့သမီးလေးနဲ့ ဈေးဆိုင်ကို နောက်ထပ်တစ်ခါသွားခဲ့တာဖြစ်တယ်လို့လည်း သတင်းထွက်ရှိထားပါတယ်။ ဘတ်ခမ်းဟာ (၆) လကားမောင်းခွင့်ပိတ်ထားခံရပြီးတဲ့နောက် မကြာသေးခင်ကမှ ကားပြန်မောင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်နိုဝင်ဘာလက လန်ဒန်မြို့မှာ ကားမောင်းရင်း ဖုန်းသုံးလို့ တရားရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့နှစ် မေလကမှ တရားရုံးကကြားနာမှုလုပ်ခဲ့ပြီး ဘတ်ခမ်းကိုကားမောင်းခွင့် (၆) လပိတ်ခဲ့တဲ့အပြင် ပေါင် (၇၅၀) လည်း ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။

Ref: the Sun “David Beckham risks upsetting Cotswolds locals as he’s caught parking on a double yellow line”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top