မျက်နှာမှာ ပမာဏအများကြီးနဲ့ တိုက်ရိုက်အသုံးမပြုသင့်တဲ့ သဘာဝပါဝင်ပစ္စည်းများ

19-5-2020-yyl-024.jpg

အခုလို Stay Home ကာလမှာ Work From Homeလည်းလုပ်၊ အသားရေထိန်းသိမ်းတာလည်းလုပ်ရင်းနဲ့ အချိန်ကုန်နေကြမယ်ထင်ပါတယ်။ အိမ်တွင်းနည်းလမ်းနဲ့ အသားရေထိန်းသိမ်းတာတွေ လုပ်ကောင်းဆုံးအချိန်ပါပဲ။ ဆံပင်ကနေစပြီး အသားရေအထိ လှပသွားအောင် လုပ်လို့ရတဲ့ အိမ်တွင်းနည်းလမ်းတော်တော်များများရှိပါတယ်။ ဒါပေမဲ့ သင့်အသားရေကို အန္တရာယ်ဖြစ်စေနိုင်မယ့် ပါဝင်ပစ္စည်းတစ်မျိုးတည်းအသုံးပြုတာ၊ ပါဝင်ပစ္စည်းတစ်မျိုးတည်းကို ပမာဏအများကြီးသုံးတာတွေကိုတော့ သတိထားသင့်ပါတယ်။ အသားရေမှာ တိုက်ရိုက်အသုံးမပြုသင့်တဲ့ပါဝင်ပစ္စည်းတချို့ကို ပြောပြပေးလိုက်ရပါတယ်။

သံပုရာသီး

သံပုရာသီးကို အသားရေထိန်းသိမ်းတဲ့အခါမျိုးမှာ တော်တော်လေးအသုံးပြုကြပါတယ်။ တကယ်တော့ အသားရေထိန်းသိမ်းဖို့အတွက် သံပုရာသီးတစ်မျိုးတည်းကို အသုံးမပြုသင့်ပါဘူး။ သံပုရာသီးက သဘာဝအလျောက် အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် အသားရေကို လောင်ကျွမ်းစေနိုင်ပါတယ်။ သံပုရာသီးကို အခြားအရာတွေနဲ့ ရောစပ်ပြီးတော့ အသုံးပြုလို့ရပါတယ်။ သံပုရာရည်ကို ပမာဏအနည်းငယ်သာအသုံးပြုသင့်ပါတယ်။ မျက်နှာမှာ မလိမ်းခင် အနည်းငယ်စမ်းသပ်မှုတော့လုပ်သင့်ပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာအသုံးပြုတာက အလှအပရေးရာနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ တကယ်တော့ သွားတိုက်ဆေးက ဝက်ခြံအရွယ်အစားကို သေးသွားစေနိုင်ပေမယ့် သင့်အသားရေကိုလည်း ယားယံစေနိုင်တဲ့အပြင် အဖုအပိမ့်၊ အနီကွက်တွေထွက်လာနိုင်တယ်ဆိုတာလည်း သတိထားသင့်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကလည်း အသားရေထိန်းသိမ်းတဲ့နေရာမှာ အတော်လေးအသုံးဝင်ပါတယ်။ ဒါပေမဲ့ သံပုရာရည်လိုပဲ မုန့်ဖုတ်ဆိုဒါကိုလည်း တစ်မျိုးတည်းနဲ့ အသားရေမှာ တိုက်ရိုက်အသုံးမပြုသင့်ပါဘူး။ သင့်အသားရေကို ယားယံစေနိုင်ပါတယ်။ အထူးသဖြင့် ထိလွယ်ရှလွယ်တဲ့အသားရေအမျိုးအစားမှာဆိုရင်။ မုန့်ဖုတ်ဆိုဒါမှာ သဘာဝအလျောက် အယ်လာကာလီဓာတ်တွေလွန်ကဲတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားရေထိန်းသိမ်းတဲ့အခါ မုန့်ဖုတ်ဆိုဒါတစ်မျိုးတည်းကို အသုံးမပြုပါနဲ့။

ဗင်နီဂါ (ရှာလကာရည်)

ဗင်နီဂါအဖြူပဲဖြစ်ဖြစ် ပန်းသီးအရက်ဗင်နီဂါပဲဖြစ်ဖြစ် ပမာဏများများသုံးမိရင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အသားရေထိန်းသိမ်းတဲ့အခါ ဗင်နီဂါတစ်မျိုးတည်းသုံးမိရင် အသားရေကို ယားယံစေတဲ့အပြင် အသားရေမညီမညာဖြစ်စေနိုင်တဲ့ အသားရေလောင်တာတွေလည်းဖြစ်နိုင်ပါတယ်။

ဆားနဲ့ သကြား

ဆား၊ သကြားတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီး အသားရေထိန်းသိမ်းတာတွေမလုပ်သင့်ပါဘူး။ ဆားနဲ့သကြား ပမာဏအနည်းငယ်ကလည်း အသားရေကို ပွန်းပဲ့စေနိုင်စွမ်းရှိပါတယ်။ သင်က ထိလွယ်ရှလွယ်တဲ့အသားရေရှိတဲ့သူဆိုရင် မျက်နှာပေါင်းတင်ဖို့ အရောနှောလုပ်တဲ့အခါ ဒီပါဝင်ပစ္စည်း (၂) မျိုးကို အသုံးပြုခြင်းမှ ရှောင်ရှားသင့်ပါတယ်နော်။

Ref: ‘Wacky’ priest uses water pistol to bless churchgoers from a distance

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top