ဖေ့ဘွတ်ခ်ရဲ့ ပထမဆုံးရုံးခန်းမှာ ဆေးရေးပန်းချီတွေ ခြယ်သခဲ့တဲ့ ဂရက်ဖစ်တီပညာရှင်

16.6.2023-yyl-11.jpg

၂၀၀၅ ခုနှစ်မှာ ဖေ့ဘွတ်ခ်မှာ သူတို့ရဲ့ ပထမဆုံးရုံးခန်းကို ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်တိုမြို့မှာ ဖွင့်လှစ်ခဲ့တယ်။ ရုံးခန်းနံရံမှာ ဆေးရေးပန်းချီတွေ ခြယ်သဖို့အတွက် အမေရိကန်အနုပညာရှင် ဒေးဗစ်ချွဲကို အလုပ်အပ်ခဲ့တယ်။

အဲဒီအချိန်တုန်းက ဒေးဗစ်ချွဲဟာ ထောင်က လွတ်လာခါစဖြစ်ပြီး သူ့ဆီမှာ ပိုက်ဆံလည်း မရှိဘူး။ ရုံးခန်းနံရံမှာ ပန်းချီတွေ ရေးဆွဲပေးဖို့ အမေရိကန်ဒေါ်လာ ၆၀၀၀၀ ယူမလား၊ ဖေ့ဘွတ်ခ်ရဲ့ ရှယ်ယာတွေ ယူမလားလို့ (အဲဒီအချိန်က ဖေ့ဘွတ်ခ်ကုမ္ပဏီ ဥက္ကဋ္ဌ ရှောင်ပါကား)ဒေးဗစ်ချွဲကို မေးခဲ့တယ်။

ဒေးဗစ်ချွဲက ဖေ့ဘွတ်ခ်ကိုလည်း သိပ်သဘောတွေ့လှသူမဟုတ်လို့ ငွေသားပဲ ယူမယ်၊ ရှယ်ယာမလိုချင်ဘူးလို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ရှောင်ပါကားက ဒေးဗစ်ချွဲကို စတော့ရှယ်ယာယူဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေလက ဖေ့ဘွတ်ခ်ကို စတော့ရှယ်ယာဈေးကွက် တင်လိုက်ချိန်မှာတော့ ဒေးဗစ်ချွဲပိုင်တဲ့ ရှယ်ယာပမာဏက အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ ရှိသွားခဲ့ပါတယ်။

Ref: David Choe’s Facebook Stock Story

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top