စာကျက်တိုင်း အာရုံစူးစိုက်နိုင်စေဖို့ ဆောင်ရန် ရှောင်ရန် အချက်များ

l2.jpg

ဆယ်တန်း စာမေးပွဲကြီးလည်း နီးလာပြီ။ စာတွေ ကျက်ရမှာ အများကြီးပဲ။ အာရုံစိုက်လို့ လည်း မရဘူး ဆိုတဲ့ ညီလေး ညီမလေးတွေ ရှိလား။ ဒီအချိန်မှာ ကာယကံရှင် ကျောင်းသားတွေရော မိဘတွေပါ ရင်ခုန်ပြီး ပူပင်တွေးတော မောနေမယ် ထင်ပါတယ်။ ဒီအခြေအနေကို ကျော်ဖြတ်ခဲ့ဖူးသူတွေထဲက တစ်ယောက်အနေနဲ့ ညီလေး ညီမလေးတို့အတွက် အကြံပေးချင်တာလေးတွေ ရှိပါတယ်။

စာကျက်မယ်လုပ်တိုင်း အာရုံစူးစိုက်မှုကောင်းချင်တဲ့ ညီလေး ညီမလေးတို့အတွက် ဆောင်ရန် ရှောင်ရန် အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ စာကျက်မယ့် နေရာကို သေချာသတ်မှတ်ပြီး ပတ်ဝန်းကျင် တိတ်ဆိတ်မှုရှိအောင် ဖန်တီးပါ။ ဥပမာ – တီဗွီ ၊ ရေဒီယို ပိတ်ထားတာမျိုး ၊ ဂိမ်းမဆော့မိအောင် ဖုန်းနဲ့ ဝေးဝေးရှောင်တာမျိုး လုပ်သင့်ပါတယ်။

၂။ ရေသောက် မနည်းအောင် ဂရုစိုက်ပြီး သစ်သီးများများ စားပေးရပါမယ်။ အဆာပြေ သွားရေစာလေးတွေလည်း ဆောင်ထားနိုင်ရင် ပိုကောင်းပါတယ်။ အစားကို ဂျပိုးနင့်အောင် စားထားပြီးမှ စာကြည့်စားပွဲရှေ့ထိုင်တာမျိုးက သေချာပေါက် အိပ်ငိုက်စေလို့ ရှောင်ရပါမယ်။

၃။ စာလုပ်မယ်ဆိုပြီး စာကြည့်စားပွဲရှေ့မှာ အချိန်ပြည့် ငုတ်တုတ်ထိုင်နေတာမျိုး မလုပ်ရပါဘူး။ နာရီဝက်လောက် စာလုပ်ပြီးပြီ ဆိုတာနဲ့ ၅ မိနစ်လောက် ခဏနားပြီး လမ်းလေးဘာလေးလျှောက်ပါ။

၄။ လေ့ကျင့်ခန်းလုပ်တာကလည်း အာရုံစူးစိုက်မှုကို ပိုတိုးစေပါတယ်။ တစ်နေ့မှာ မိနစ် အနည်းငယ်လောက် လေ့ကျင့်ခန်းလုပ်မယ် ၊ တရားထိုင်မယ် ဆိုရင် အာရုံစူးစိုက်မှု ပိုမို အားကောင်းမှာပါ။

၅။ သီချင်းသံလေး ကြားနေရမှ စာလုပ်ဖို့ အဆင်ပြေပါတယ်ဆိုတဲ့ ကျောင်းသားတွေ အတွက်တော့ မြူးမြူးကြွကြွနဲ့ ထကချင်စိတ် ဖြစ်စေတဲ့ သီချင်းတွေကို ရှောင်ရပါမယ်။ အာရုံပျံ့လွင့်စေမယ့် သီချင်းမျိုးဆိုရင်တော့ ရှောင်တာ အကောင်းဆုံးပါပဲ။

ဆယ်တန်းစာမေးပွဲကြီးအတွက် ကြိုးပမ်းခဲ့ဖူးတဲ့ နည်းနာနိသယကောင်းတွေ ရှိမယ်ဆိုရင်လည်း မျှဝေပေးနိုင်ပါတယ် ရိုးရာလေး ပရိသတ်ကြီးရေ။

Reference: Planetofsuccess “How to How Can I Increase My Concentration While Studying”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top