လျှပ်စီးလက်ခြင်းနဲ့ပတ်သက်ပြီး ဆန်းကြယ်တဲ့အချက် ၆ ချက်

facts-about-lightning-2.jpg

ထူးထူးဆန်းဆန်း လျှပ်ပျက်ခြင်းမှတဆင့် သစ်ပင်တွေအလဲလဲပြိုတဲ့ အခြေအနေမျိုး ထိဖြစ်တတ်ပါတယ်။ လျှပ်စီးလက်ခြင်းနဲ့ပတ်သက်ပြီး သင့်ကိုအံ့အားသင့်သွားစေမယ့် အချက်တွေကဘာလဲ ကြည့်ကြရအောင်။

၁။ လျှပ်စီးမလက်ဘဲ မိုးမခြိမ်းနိုင်ပါဘူး

မိုးချုန်းသံဆိုတာ  လျှပ်ပြက်ခြင်းကြောင့် ဖြစ်လာတာပါ။ အားပြည့်ပြီး အပူလွန်ကဲနေတဲ့ ကောင်းကင်ပေါ်က အဖြူရောင် လျှပ်စီးတန်းကြီးကနေ စူးရှကျယ်လောင်တဲ့အသံရှည် ပြွန်တစ်ခုဖန်တီးပေးပါတယ်။ ပြွန်ထဲမှာ ရှိတဲ့လေက ပွလိုက်ကျုံ့လိုက်ဖြစ်လာပြီး တုန်ခါမှုကိုဖန်တီးပေးတာကြောင့် မိုးခြိမ်းသံအဖြစ်ကြားရတာပါ။၂။ မိုးကြိုးပစ်ခံရသူတွေမှာ ထူးခြားတဲ့ အနီကြောင်းပေါ်လာပြီး သေဆုံးသွားတတ်ကြပါတယ်။

မိုးကြိုးပစ်ခံရသူတွေရဲ့ ခန္ဓာကိုယ်မှာဗို့အားမြင့် လျှပ်စီးကအရေပြားတစ်လျှောက် စိမ့်ဝင်စီးဆင်းသွားတာကြောင့် အကိုင်းအခက်တွေပုံစံအနီရောင်စီးကြောင်းကြီး ပေါ်လာပြီး  အသက်သေဆုံးနိုင်ပါတယ်။

၃။ လျှပ်စီးက သစ်ပင်တွေကို ထက်ပိုင်းကျိုးစေပါတယ်

ဗို့အား ၁၅ သန်းရှိတဲ့ လျှပ်စစ်နဲ့ သစ်ပင်ကိုင်းကိုပဲဖြတ်ကြည့်။ ဘယ်လိုဖြစ်မယ်ထင်လဲ၊ လျှပ်စီးရဲ့ အပူချိန်က သစ်ပင်ထဲဝင်ရောက်ပြီး သစ်စေးကို ရေငွေ့ပြန်စေကာ ပင်စည်ကိုဖောက်ခွဲနိုင်တဲ့ ရေးနွေးငွေ့ကို ဖြစ်ပေါ်စေတာကြောင့် သစ်ပင်တွေပျက်စီးရခြင်းဖြစ်ပါတယ်။

၄။  တောင်အမေရိကရှိ ရေကန်တစ်ခုမှာ တစ်နာရီတွင်း လျှပ်ပြက်ခြင်းအကြိမ် ၁၀၀ ဖြစ်ပေါ်ပါတယ်

ဗင်နီဇွဲလားအနောက်မြောက်ဘက် Catatumbo မြစ် နှင့် Maracaibo ရေကန်တို့ ကန့်လန့်ဖြတ်ဆုံတဲ့နေရာ ကောင်းကင်ပြင်မှာ တစ်နှစ်တွင်း လျှပ်ပြက်ခြင်းကို ညပေါင်း ၃၀၀ လောက်ထက်ပိုပြီး တွေ့ရပါသတဲ့။ ၁ စက္ကန့်အတွင်းမှာတောင်အကြိမ်ရေ အများကြီး လျှပ်ပြက်တာပါတဲ့။ ကာရေဗီယန်ပင်လယ် ကနေဖြတ်သန်းတိုက်ခတ်လာတဲ့ လေနွေးနွေးလေးတွေက တောင်အမေရိက တောင်တန်းတွေက ဆင်းသက်လာတဲ့ လေအေးနဲ့ ရောနှောသွားပြီး ထူးခြားတဲ့ ရာသီဥတု အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနေရာဟာ  ၁ စတုရန်းကီလိုမီတာ ဧရိယာအတွင်း ကမ္ဘာ့လျှပ်ပြက်ဆုံးနေရာအဖြစ်တောင်မှတ်တမ်းဝင်သွားခဲ့တဲ့ နေရာဖြစ်ပါတယ်။

၅။ မိုးကြိုးသွားကတကယ်ရှိပါတယ်

လျှပ်စီးက သဲနှင့် ကျောက်ခဲကိုထိမှန်တဲ့ အခါ ပြင်းထန်တဲ့ အပူရှိန်က မျက်နှာပြင်အောက်ရှိဓာတ်သတ္တုတွေကို ပျော်ဝင်ပေါင်းစပ်စေပြီးfulgurite လို့ခေါ်တဲ့ ပြွန်ပုံစံအချောင်းလေးဖြစ်သွားပါတယ်။ ရှားတော့ရှားပေမဲ့ မိုးကြိုးသွားတွေကို ကမ္ဘာ အနှံ့ မှာတွေ့နိုင်ပါတယ်။

၆။ မိုးကြိုးပစ်ခံရမှာ လူတိုင်းနီးပါးကြောက်ကြတယ်

ဘဝမှာ မိုးကြိုးပစ်ခံရကိန်းက တစ်သောင်းနှစ်ထောင်ပုံ ၁ ပုံနီးပါး ရှားပါတယ်။ အမေရိက မှာဆို မိုးကြိုးပစ်ခံရမှာ ကြောက်တဲ့ရောဂါ (astraphobia) က အမြင့်ကြောက်ရောဂါ နှင့် တိရစ္ဆာန်အကောင်လေးတွေကို ကြောက်တဲ့ရောဂါပြီးရင် တတိယအဖြစ်များဆုံးပါ။ ဒါပေမဲ့ သတိပြုသင့်တာက မိုးလေဝသအပြောင်းအလဲတွေကြောင့် ၂၁၀၀ ခုနှစ်ရောက်ရင်တော့ မိုးကြိုးပစ်ခံရမယ့်အန္တရာယ်က ၈၀၀၀ ပုံ ၁ ပုံလောက်တိုးလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

Ref : RD : 6 Weird Facts About Lightning Strikes

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top