ကိုယ်ဝန်ဆောင် မေမေ အချိုစားများတာက မွေးလာမယ့် ဘေဘီလေးမှာ ပန်းနာရင်ကျပ် ဖြစ်စေနိုင်

28-7-2020-yyl-037.jpg

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရမယ့် အစားအစာတွေက အများကြီးပါ။ ဒီလို ရှောင်ရမယ့် အစားအစာတွေထဲမှာ သကြားက ထိပ်ဆုံးပါ။ ဒီလို ပြောရတာက မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အချိုလျှော့စားတာက မေမေတွေမှာ ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးသလို ဘေဘီလေးကို အဝလွန် စေတာ။ မွေးရာပါဆီးချို (အမျိုးအစား -၁ ဆီးချို) မဖြစ်စေဖို့ ကာကွယ်ပေး ပါတယ်။ အချို လျှော့စားတာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မကြာသေးခင်က လေ့လာတွေ့ရှိချက် တစ်ခု အရ ထပ်တိုး သိရှိလာရတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အချိုတွေ အများကြီး စားမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ ပန်းနာရင်ကျပ် ရောဂါစေနိုင်တယ် ဆိုတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဆိုဒါတွေ သောက်မယ်၊ အချိုရည်တွေ သောက်မယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ ပန်းနာရင်ကျပ် ရောဂါ ဖြစ်စေနိုင်ပါတယ်။

ပန်းနာရင်ကျပ် နဲ့ သကြားတို့ အကြားက ဆက်စပ်မှု

ယခင်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သကြား အစားများတာက ကလေးကို အဝလွန်စေတယ်။ အာဟာရ ချို့တဲ့ စေတယ်လောက်ပဲ သိထားခဲ့ တာပါ။ အခုနောက်ပိုင်းမှာ သိလာရတာက သကြား အစားများတာက ကိုယ်ခံအားကို ထိခိုက်စေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားရစေနိုင်တယ် ဆိုတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သကြား အစားများတာက ဘေဘီလေးကို အဝလွန် စေနိုင်သလို ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ fructose များနေတာက အဆုတ်တွေကို ထိခိုက်စေနိုင်ပါတယ်။

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ မေမေက သကြား အများကြီး စားသုံးတာက ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပန်းနာရင်ကျပ် ကင်းစေဖို့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက သကြား လျှော့စားတာ အကောင်းဆုံးပါ။

လေ့လာမှုအရ တွေ့ရှိချက်

ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ တစ်နေ့ကို အချိုရည် ခွက်တဝက်စာ သောက်သုံးတာက ဘေဘီလေးကို ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေ သိသိသာသာ မြင့်တက်စေပါတယ်။ တစ်ခါတလေမှာ သောက်တာကတော့ ရောဂါဖြစ်နိုင်ခြေ သိပ်မများစေပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အချိုရည်သောက်မှ မဟုတ်ပါဘူး။ ဘေဘီလေးကို မွေးဖွားလာချိန်မှာ အချိုရည် တိုက်တာကလည်း ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ဘေဘီလေး ပန်းနာရင်ကျပ် ကင်းစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာရော အစားစားချိန်မှာပါ ဘေဘီလေးကို အချိုရည် မတိုက်ဘဲ သစ်သီးဖျော်ရည်မျိုးပဲ တိုက်ပေးပါ။

ဒါကြောင့် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာရော ငယ်စဉ်မှာပါ အချိုရည် နဲ့ အချိုများတဲ့ အစားအစာတွေကို မကျွေးဖို့ ပြောပါရစေ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top