သြစတေးလျနိုင်ငံက Victoria ပြည်နယ်မှာ မွေးစာရင်းပါလိင်အမျိုးအစားကို ပြောင်းလဲဖော်ပြဖို့ခွင့်ပြု

intl_01-1.jpg

မွေးစာရင်းပါလိင်အမျိုးအစားကို ပြောင်းလဲဖော်ပြဖို့ခွင့်ပြု

သြစတေးလျနိုင်ငံမှာ လိင်ပြောင်းလဲထားသူတွေနဲ့ လိင်ပြောင်းလဲလိုသူတွေရဲ့မွေးစာရင်းပါလိင်အမျိုးအစားကို ပြောင်းလဲခွင့်ပေးထားတဲ့ပြည်နယ်တချို့ရှိနေပြီး အခု ဝိတိုရိယပြည်နယ် (Victoria State) ကတော့ (၅) ခုမြောက်ပြည်နယ်ဖြစ်လာခဲ့ပါတယ်။ ဥပဒေပြဌာန်းခွင့်အတွက် အင်္ဂါနေ့ညပိုင်းက ပြည်နယ်အထက်လွှတ်တော်အတွင်းဆန္ဒပြုမဲခွဲခဲ့ရာမှာ ထောက်ခံမဲ (၂၆) မဲ၊ ကန့်ကွက်မဲ (၁၄) မဲ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာကြောင့် နိုင်ငံ့ဦးသျှောင်ရဲ့ခွင့်ပြုချက်ရရှိလာတဲ့အခါမှာ စပြီးအသက်ဝင်လာမှာပါ။

မွေးစာရင်းပါလိင်အမျိုးအစားကို ပြောင်းလဲဖော်ပြဖို့ခွင့်ပြု

ဒီဥပဒေအရဆိုရင် လိင်ပြောင်းလဲထားသူတွေဟာ သူတို့ရဲ့တရားဝင်ကိုယ်ရေးမှတ်တမ်းထဲကလိင်အမျိုးအစားကို လွတ်လွတ်လပ်လပ် ရွေးချယ်ဖော်ပြနိုင်တော့မှာဖြစ်ပြီး ကလေးငယ်တွေဟာလည်း ကိုယ်သဘောကျတဲ့လိင်အမျိုးအစားကို မိဘတွေရဲ့ခွင့်ပြုချက်နဲ့အတူ ပြောင်းလဲဖော်ပြခွင့်ရလာကြမှာဖြစ်ပါတယ်။

မွေးစာရင်းပါလိင်အမျိုးအစားကို ပြောင်းလဲဖော်ပြဖို့ခွင့်ပြု

လူတွေအတွက် ကိုယ်နေထိုင်တဲ့ဘဝသရုပ်အစစ်အမှန်ကို လွတ်လပ်စွာနဲ့ တရားဝင်ဖော်ပြဖို့ရွေးချယ်ခွင့် လို့ ယူဆကြတဲ့ဒီဥပဒေကို သြစတေးလျမှာ ပထမဆုံးအတည်ပြုခဲ့တဲ့ပြည်နယ်က တက်စ်မေးနီးယား (Tasmania) ကျွန်းပြည်နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလက အတည်ပြုပြဌာန်းခဲ့တာဖြစ်ပါတယ်။

မွေးစာရင်းပါလိင်အမျိုးအစားကို ပြောင်းလဲဖော်ပြဖို့ခွင့်ပြု

လိင်ကွဲပြားမှုဆိုင်ရာတက်ကြွလှုပ်ရှားသူများစွာကတော့ ဒီအဖြစ်ကို လိင်ပြောင်းလဲထားသူတွေတန်းတူညီမျှခွင့်ရှိရေးတိုက်ပွဲရဲ့ အောင်မြင်မှု လို့သတ်မှတ်ပြီး လူမှုကွန်ရက်ပေါ်မှာ အောင်ပွဲခံနေကြပါတယ်။ ရှေ့နေချုပ် ဂျေးလ် ဟန်နက်ဆီ (Jill Hennessy) ကလည်း ပထမဆုံးအကြိမ်အဆိုပြုခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အင်ဒရူးအစိုးရ (Andrews Goverment) က အရေးတယူမရှိခဲ့တဲ့နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်အေတော်လေးနောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။

မွေးစာရင်းပါလိင်အမျိုးအစားကို ပြောင်းလဲဖော်ပြဖို့ခွင့်ပြု

Ref: DailyMail “Choose-your-own birth certificates: Most Australians can now say they are a ‘boy’ when they are born a ‘girl’ legally”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top