လေလည်ခြင်းနှင့်ပတ်သက်ပြီး ထူးဆန်းတဲ့ အမှန်တရားများ

sexy-girlfriend-in-jeans-with-shorts-and-a-red-XEP4AUF.jpg

သာမန်လူတစ်ယောက်က တစ်နေ့ ( ၁၄ ) ကြိမ် လေလည်ပါတယ်။ ကံကောင်းတာတစ်ခုက အိမ်ရောက်လို့ အနားယူ တဲ့အချိန်ကျမှ လေလည်သံ အကျယ်ကြီး ထွက်တဲ့အခါပါပဲ။ လေလည်ခြင်းနှင့်ပတ်သက်ပြီး ထူးခြားတဲ့ အမှန်တရား (၅ )ခုကို ကြည့်ကြရအောင်…

နေ့စဉ် ပျမ်းမျှ (၁၄)ကြိမ် လေလည်ပါတယ်

တခြားလူတွေနဲ့ ရှိနေချိန် ဘယ်နှစ်ကြိမှ လေလည်တယ်ဆိုတာကတော့ တိတ်တခိုးတစ်မျိုး၊ မရှက်မရွံ့တစ်သွယ် လေလည်ရဲလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။

လေလည်တာက ပူဖောင်းတစ်လုံး လေဖြည့်စာလောက်ရှိပါတယ်

သာမန်လူတစ်ယောက်က နေ့စဉ် ၇၀၀ မီလီလီတာလောက် လေလည်တော့ ဒါက မွေးနေ့ပူဖောင်း တစ်လုံး မှုတ်စာလောက် ရှိပါတယ်။

လေလည်နှုန်းမြန်ခြင်း

သင်ထုတ်လွှတ်လိုက်တဲ့ လေက စက္ကန့်တိုင်းမှာ ၁၀ ပေလောက် ပျံ့နိုင်ပါတယ်။

အနံ့ဆိုးတယ်

ပုံမှန်လေလည်သူတွေရဲ့ (၁) ရာခိုင်နှုန်းသော အငွေ့ကသာ ဘာနံ့မှ မရတာပါ။ လေလည်ရင် များသောအားဖြင့်တော့ ဘဲဥပုပ်နံ့ ရတယ်ဆိုတာ လူတိုင်းသိပါတယ်။

မိန်းကလေးတွေ လေလည်တာ ယောက်ျားလေးတွေထက် ပိုနံတယ်

တချို့ ယောက်ျားလေးတွေက တခြားသူရှေ့မှာ လေလည်ပြီး ပျော်စေပျက်စေ စကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေကျတော့ ဒီလို ဘယ်တော့မှ မလုပ်ပါဘူး။ အကြောင်းရင်းကတော့ မိန်းကလလေးတွေရဲ့ လေလည်တဲ့ အနံ့က ယောက်ျားလေးတွေထက် ပိုပြင်းပြီး ပိုနံလို့ပါ။

Ref: Somtom: 8 Surprisings Facts About Farting

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top