၁၉၇၂ခုနှစ်ဟာ ဘာကြောင့် သမိုင်းတစ်လျှောက် အရှည်ကြာဆုံးနှစ်ဖြစ်ခဲ့သလဲ

yyl-knowledge-01.png

ရိုးရာလေးစာဖတ်သူတို့ကို စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ၁၉၇၂ခုနှစ်ဟာ သမိုင်းမှာ အကြာဆုံးခုနှစ်သက္ကရာဇ်တစ်ခုဆိုတာပါပဲ။ ဆိုလိုတာက သူ့ရဲ့အချိန်ကာလဟာ ကျန်နှစ်တွေထက် ပိုကြာရှည်ခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ အဖြေကတော့ သူက တစ်ခြားနှစ်တွေထက် ၂ စက္ကန့်ပိုမိုကြာခဲ့ပါတယ်တဲ့။

ဘယ်လိုကြောင့်ပါလိမ့်။ အဖြေရှာကြည့်ရမယ်ဆိုရင် ပထမဆုံးအချက်ကတော့ သူကရက်ထပ်နှစ်တစ်နှစ် ဖြစ်နေခဲ့ပါတယ်။ ဒီတော့ အခြားနှစ်တွေတော်တော်များများထက် အချိန်ကာလ တစ်ရက်စာပိုရှည်လျားမှာ အသေအချာပါ။ ထပ်ဖြည့်ရမယ်ဆိုရင် ဇွန်လ ၃ဝ ရက်နေ့မှာ တစ်စက္ကန့်စာ ထပ်ပေါင်းထည့်ထားပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နောက်စက္ကန့်စာထပ်ပေါင်းထည့်ထားလို့ဖြစ်ပါတယ်။ နိုင်ငံတကာက အချိန်တိုင်းတာသူတွေဟာ ဒီအချက်ကို လက်ခံပြီး သူတို့ရဲ့နာရီတွေအချိန်တွေကို လိုက်ညှိခဲ့ပါတယ်လို့ New York Timesက တင်ပြထားပါတယ်။

ဒီလိုစက္ကန့်တွေထပ်ပေါင်းထည့်ရခြင်းအတွက် အကြောင်းပြချက်ကတော့ ရက်ထပ်နှစ်တွေမှာ ရက်တွေထပ်ပေါင်းထည့်တာနဲ့ အကြောင်းရင်းခြင်းအတူတူပါပဲ။ ကမ္ဘာရဲ့လည်ပတ်မှုကိုလေ့လာရင်း UTC ( coordinated universal time) နဲ့ လိုက်လံချိန်ညှိတာဖြစ်ပါတယ်။ စာဖတ်သူတို့သတိမထားမိလောက်ပေမယ့် ဒီလိုချိန်ညှိမှုမျိုးကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၃၁မှာ လုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁၊ ၂၃ နာရီ ၅၉ မိနစ် ၅၉ စက္ကန့် ပြီးရင် ဇန်နဝါရီ ၁ ရက်နေ့ ဝ နာရီ ဝ မိနစ် ဝ စက္ကန့်ဖြစ်ရမယ့်အစား ဒီဇင်ဘာ ၃၁၊ ၂၃ နာရီ ၅၉ မိနစ် ၆ဝ စက္ကန့်ပြီးမှ ဇန်နဝါရီ ၁ ရက်နေ့ ဝ နာရီ ဝမိနစ် ဝ စက္ကန့် ဖြစ်ခဲ့တာပါ။ အခုအချိန်မှာတော့ စက္ကန့်တွေ ထပ်တိုးဖို့လိုတယ်ဆိုရင် International Earth Rotation and Reference Systems Service ကနေပြီးတော့ ခြောက်လကြိုတင်ကြေငြာပေးမှာ ဖြစ်ပါတယ်။

Ref: Reader’s Digest
Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top