မင်းသားဟယ်ရီက သူ့ရဲ့ချစ်သူဟောင်းကို လက်ထပ်ပွဲဖိတ်လည်း ကိစ္စမရှိပါဘူးလို့ ပြောလာတဲ့ Meghan Markle

1248831.jpg

မကြာမီ ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့ တော်ဝင်လက်ထပ်ပွဲနှင့်ပတ်သက်ပြီး သတို့သမီးဝတ်စုံမှအစ ကိတ်မုန့်ရွေးချယ်မှု၊ ဖိတ်ကြားမည့် ဧည့်သည်စာရင်းအဆုံး ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူတွေက ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။

နန်းတွင်းလူတွေဆီက သတင်းပေါက်ကြားတဲ့ အံ့ဩစရာသတင်းကတော့ မင်းသားဟယ်ရီက သူ့ရဲ့ချစ်သူဟောင်းကို လက်ထပ်ပွဲ ဖိတ်ကြားဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။ သတို့သမီးလောင်း Meghan Markle ကဒါကိုသိပေမယ့် ဘယ်လိုမှ မဖြစ်သလိုပဲနေပါတယ်။

တကယ်တော့ မင်းသားဟယ်ရီနှင့် Meghan တို့နှစ်ယောက်က ဖိတ်ကြားမယ့် ဧည့်သည်စာရင်းကို သေချာစိစစ်ပြီးမှ ရွေးချယ်ထားတာပါ။ မင်းသားဟယ်ရီရဲ့ ချစ်သူဟောင်း Chelsea Davy က ဒီလက်ထပ်ပွဲကို သေချာပေါက် တက်ရောက်မှာပါ။အကြောင်းရင်းက သူမနှင့်ဟယ်ရီရဲ့ ခင်မင်မှုကို အဆုံးမသတ်ချင်လို့ပါ။ သူတို့နှစ်ယောက်က အခုထိ အဆက်အသွယ်ရှိသေးသလို မင်းသားဟယ်ရီတို့ စေ့စပ်ပွဲတုန်းကလည်း Chelsea က ဂုဏ်ပြုပေးခဲ့ ပါတယ်။ တော်ဝင်မိသားစုအကုန်လုံးနှင့် အခြားသော နိုင်ငံရေးသမားတွေလည်း ဒီလက်ထပ်ပွဲကို တက်ရောက်ချီးမြှင့်မှာပါ။

ဒီပွဲကို ဖိတ်ကြားခြင်းခံရတဲ့ အနုပညာရှင်တွေက ဘက်ခမ်းတို့မိသားစု၊ မင်းသမီး Markle ရဲ့တွဲဖက်သရုပ်ဆောင် Sir Elton John နှင့် Obama တို့မိသားစုပဲဖြစ်ပါတယ်။ ဒါပေမယ့် သေချာတစ်ခုက မင်းသားဝီလျံနှင့် ကက်သရင်းတို့တုန်းကထက် လာရောက်မယ့်ဧည့်သည် နည်းမယ်ဆိုတာပါပဲ။ဒါကလည်း မင်္ဂလာဧည့်ခံပွဲနေရာ အခြေအနေကြောင့်လည်း ပါပါတယ်။

ဒါ့အပြင်နောက်ထပ်သေချာတာတစ်ခုကတော့ မင်းသားဟယ်ရီရဲ့ ရည်းစားဟောင်းနောက်တစ်ယောက်ကို မဖိတ်ဘူးဆိုတာပါပဲ။ ၂ နှစ်ကျော်လောက် တွဲလာခဲ့တဲ့ချစ်သူဟောင်းကို မင်းသားဟယ်ရီက အဆက်အသွယ်ဖြတ်ထားတာပါ။ ၂၀၁၇ နိုဝင်ဘာ လကုန်တုန်းက စေ့စပ်ပွဲလုပ်ခဲ့ကြတဲ့ မင်းသားဟယ်ရီနှင့် Meghan Markle တို့က လက်ထပ်ပွဲကိုတော့ ၂၀၁၈၊ မေလ ၁၉ မှာ ကျင်းပပြုလုပ်သွားမှာပါ။

Ref: Fabiosa: Prince Harry Will Be Inviting His Ex To His Wedding, And Meghan Markle Does Not Mind

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top