မိတ်ကပ်ဖျက်ဆေးမပါဘဲ မိတ်ကပ် ဘယ်လိုဖျက်ကြမလဲ

yyl-044-3.jpg

မိန်းကလေးတွေက မိတ်ကပ်လိမ်းတာအပြင် မိတ်ကပ်ဖျက်တာကလည်း သူတို့ရဲ့တစ်နေ့တာတာဝန်လို့ဖြစ်နေတာပါ။ အလုပ်ကပြန်ရောက်တာပဲဖြစ်ဖြစ်၊ မင်္ဂလာဆောင်၊ ပါတီတွေက ပြန်ရောက်တာပဲဖြစ်ဖြစ် မိတ်ကပ်ဖျက်တာက မိန်းကလေးတွေ ကျော်မပစ်သင့်တဲ့ အသားရေထိန်းသိမ်းနည်းတစ်ခုဖြစ်ပါတယ်။ ဖယ်ရှားဖို့အတွက် မလွယ်ကူတဲ့မိတ်ကပ်က eye မိတ်ကပ်နဲ့ ရေစိုခံနှုတ်ခမ်းနီတို့ပါပဲ။ မိတ်ကပ်ဖျက်ဖို့အတွက် မိတ်ကပ်ဖျက်ဆေးကုန်နေရင်လည်း စိုးရိမ်စရာမလိုပါဘူးနော်။ သင့်မျက်နှာကို သန့်စင်ဖို့အတွက် အိမ်မှာရနိုင်တဲ့ ပုံမှန်အသုံးပြုနေကျပစ္စည်းတွေကို သုံးလို့ရပါတယ်။ မိတ်ကပ်ဖျက်ဆေးမပါဘဲ မိတ်ကပ်ကို ဘယ်လိုဖယ်ရှားရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

– မိတ်ကပ်ကို ဖယ်ရှားဖို့အတွက် ဆီကို အသုံးပြုလို့ရပါတယ်။ သင့်ရဲ့မျက်လုံးနားက မိတ်ကပ်တွေကို ဖယ်ရှားဖို့အတွက် အုန်းဆီ (သို့) သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းက ချွေချွေတာတာအသုံးပြုဖို့အတွက်ပါ။ ဝါဂွမ်းစထဲကို အုန်းဆီ (သို့) သံလွင်ဆီအနည်းငယ်ထည့်ပြီး မျက်လုံးပေါ်နဲ့ နှုတ်ခမ်းပေါ်က မိတ်ကပ်တွေကို ဖြည်းဖြည်းသာသာလေးပွတ်ကာ ဖယ်ရှားရမှာဖြစ်ပါတယ်။

– မိတ်ကပ်ကို ဖယ်ရှားလို့ရတဲ့ နောက်ထပ်နည်းက ပတ်ထရိုလီယံ ဂျယ်လီကို အသုံးပြုတာပါပဲ။ ပတ်ထရိုလီယံ ဂျယ်လီကို မိန်းကလေးတော်တော်များများမြင်ဖူးကြမှာပါ။ Vaseline ကနေ ထုတ်တဲ့ အပြာရောင်ဗူးလေးကလည်း ပတ်ထရိုလီယံ ဂျယ်လီပါပဲ။ ဒါက မိတ်ကပ်ကို ပျက်စေပြီး မျက်လုံးတစ်ဝိုက်အသုံးပြုရင်လည်း အဆင်ပြေပါတယ်။

– အုန်းဆီ၊ ပတ်ထရိုလီယံ ဂျယ်လီတွေ မရှိရင်လည်း မိတ်ကပ်ဖျက်ဖို့အတွက် ပုံမှန်သုံးနေကျ ခရင်မ်ကို အသုံးပြုလို့လည်းရပါတယ်။ moisturiser ကို သုံးပြီး မိတ်ကပ်ဖျက်ရင်လည်း ဘယ်လိုယားယံမှုမျိုးမှမရှိဘဲ မိတ်ကပ်ပျက်စေပါတယ်။

– Baby oil ကို အသုံးပြုပြီးတော့လည်း မိတ်ကပ်ဖျက်လို့ရပါတယ်။ ကလေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့အဆီဖြစ်တဲ့အတွက် အရေပြားပြဿနာတွေလည်း မဖြစ်နိုင်ပါဘူး။ ဝါဂွမ်းစလေးနဲ့ ဆီကို ယူပြီး မိတ်ကပ်တွေကို ဖယ်ရှားလိုက်ရုံပါပဲ။

အဆီ၊ ခရင်မ် ၊ ပတ်ထရိုလီယံ ဂျယ်လီတို့နဲ့ မိတ်ကပ်ဖျက်ပြီးတဲ့အခါတိုင်း မျက်နှာသစ်ပေးဖို့တော့လိုပါတယ်။ သင့်မျက်နှာ သန့်စင်သွားဖို့အတွက် နူးညံ့တဲ့မျက်နှာသစ်ဆေးကို အသုံးပြုပြီး သစ်ပေးနိုင်ပါတယ်။

Ref: How to remove make-up without a make-up remover

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top