သင့်ရုပ်ရည်ကို အိုမင်းရင့်ရော်သွားစေတဲ့အရာတွေ

smoking-e1557894177491.jpg

ငယ်ရွယ်တဲ့အချိန်မှာတော့ အရေးအကြောင်းတွေ၊ နေလောင်ကွက်တွေ မဖြစ်လာနိုင်သေးပါဘူး။ ဒါပေမဲ့ ငယ်ရွယ်တုန်းမှာ လုပ်လိုက်တဲ့ အပြုအမူတွေကြောင့်

နောက်ပိုင်း အသက်ကြီးလာတဲ့အခါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာပါတယ်။ နေရောင်ထဲမှာ အပြင်သွားတာကအစ ညဘက် အရက်သောက်တာအဆုံးပေါ့… သင့်ရဲ့လက်ရှိ ဆိုးရွားတဲ့အပြုအမူတွေကနေ မလိုလားအပ်တဲ့ အလှအပဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ကို တိတ်တဆိတ် ဘယ်အရာတွေက ရုပ်ရင့်အောင် လုပ်နေလဲဆိုတာ အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ အစားအစာအချိုတွေ

အများကြီးစားတာဟာ သင့်အရေပြားကို ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဂျေဒိုးနပ်ဒါမှမဟုတ် ကော်ဖီသောက်တာဟာ အရေပြားကို အားနည်းစေပြီး အရေးအကြောင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။

၂။ အရက်အလွန်အကျွံသောက်ခြင်း

အရက်ဟာ အရေပြားကို ရေဓာတ်ခြောက်သွေ့စေပြီး အရေပြားမှာရှိတဲ့ သွေးကြောကို ကျယ်လာစေပါတယ်။ ဒါကြောင့် အရေပြားတွေ နီလာတာပါ။ ရေဓာတ်ခန်းခြောက်တဲ့အရေပြားဆိုတာ ပိုပြီးအိုမင်းလွယ်ပါတယ်။

၃။ ခေါင်းအုံးစွပ်

အရေပြားရဲ့ဆဲလ်ဟာ တစ်ညလုံး အသစ်ဖြစ်ပေါ်ပါတယ်။ သင့်အရေပြား ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ အိပ်စက်ခြင်းဟာ အရေးကြီးပါတယ်။ ဒါကြောင့် ဖဲသားခေါင်းအုံးစွပ်ကို အသုံးပြုသင့်ပါတယ်။ ဒါမှ ညဘက် ဟိုဘက်ဒီဘက် လှည့်အိပ်တဲ့အချိန် မျက်နှာကို မထိခိုက်မှာဖြစ်ပါတယ်။

၄။ နေပူစာလှုံခြင်း

အားလုံးသိပြီးသားဖြစ်မှာပါ။ တစ်ချိန်လုံး SPF ပါဝင်တဲ့ နေရောင်ခံကာကွယ်ဆေး လိမ်းသင့်ပါတယ်။ နေရောင်ဟာ အရေပြားကို အကြီးအကျယ် ထိခိုက်စေနိုင်တာမို့လို့ အဓိကပြဿနာဖြစ်ပါတယ်။ ဒါကြောင့် နေရောင်ကို ကာကွယ်ဖို့ နေရောင်ခံလိမ်းဆေးလိမ်းပေးပါ။

၅။ ဆေးလိပ်သောက်ခြင်း

စီးကရက်မီးခိုးဟာ အရေပြားမှာရှိတဲ့ သွေးဖြန့်ဝေမှုကို ကျဆင်းစေပြီး အရေပြားမှာ မလိုအပ်တဲ့ အရေးအကြောင်းတွေ ဖြစ်စေတာမို့လို့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။

၆။ လူထူထပ်တဲ့နေရာတွေမှာ လမ်းလျှောက်ခြင်း

လေထုညစ်ညမ်းတဲ့မြို့မှာ နေထိုင်တယ်ဆိုရင် အပြင်ထွက်လမ်းလျှောက်တာဟာ သင့်အရေပြားကို ပျက်စီးစေပါတယ်။ ညဘက်မှာ ဆဲလ်အသေတွေကို ဖယ်ရှားပစ်ဖို့ အဝတ်နဲ့ ညင်သာစွာသုတ်ပေးဖို့ လိုပါတယ်။ လေထုညစ်ညမ်းမှုမှ ဖုန်မှုန့်နဲ့ အညစ်အကြေးကို သန့်စင်ပေးဖို့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို သုံးသင့်ပါတယ်။

Ref: www.popsugar.com “6 Surprising things that might be aging you, according to an expert”

Wint Wah (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top