ကျပ် သုံးသောင်းတိတိ ငွေသားလက်ဆောင်ပြန်ရနိုင်မည့် Cashback အထူးအစီအစဉ်နဲ့ OPPO Reno3 Pro

OPPO-Photo-1.jpg

နေ့စဉ်ဘဝမှာ အဆင်ပြေ ချောမွေ့စေပြီး ပျော်ရွှင်ဖွယ် အတွေ့အကြုံများကို ပေးစွမ်းနိုင်တဲ့ OPPO Reno3 Pro ကို ပိုင်ဆိုင်ရင်း ငွေသားလက်ဆောင်များ ပြန်လည်ရရှိနိုင်မည့် အခွင့်အရေးတစ်ခုကို OPPO က မိတ်ဆက်လိုက်ပါတယ်။ အခု ဇွန်လ (၁) ရက်နေ့မှ စတင်ပြီး မူရင်းဈေး 629,900 ကျပ်တန် OPPO Reno3 Pro ကို ငွေကျပ် သုံးသောင်းဖိုး ငွေသားလက်ဆောင်ပြန်လည်ပေးအပ်မယ့် အထူးအစီအစဉ်အနေနဲ့ ငွေကျပ် 599,900 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ဆောင်အဖြစ် Clock Speaker များကိုလည်း ထပ်ဆောင်း ပေးအပ်သွားမှာဖြစ်ပါတယ်။

အစဉ်ပြောင်းလဲနေတဲ့ နေ့စဉ်ဘဝလည်ပတ်မှု ပုံစံများက အခု COVID-19 ရောဂါဖြစ်ပွားရာမှ ပိုမိုသိသိသာသာ ပြောင်းလဲလာကာ တစ်နေ့တာတွင် စမတ်ဖုန်းများရဲ့အရေးပါမှုမှာလည်း သိသာ ထင်ရှားစွာ မြင့်မားလာပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းများက တစ်ဦးနှင့် တစ်ဦး အခြေခံဆက်သွယ်မှုမှ စပြီး အွန်လိုင်းက တစ်ဆင့် သင်ယူနိုင်တဲ့ ပညာရေးပုံစံများ၊ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်သော အသစ်သစ်သော ဖျော်ဖြေရေးများအထိ လွယ်ကူလျှင်မြန်စွာ စွမ်းဆောင်မှုပေးနိုင်တဲ့အထိ အရေးပါလာနေပြီး နေ့စဉ်ဘဝတွင် TV၊ Computer တို့ကိုပင် အစားထိုးနိုင်သည်အထိ နေရာယူလာပြီဖြစ်ပါတယ်။

အဲဒီလိုလိုအပ်သော လုပ်ဆောင်မှုများကို စိတ်တိုင်းကျ အသုံးပြုနိုင်ရန် ဖုန်းဝယ်ယူရာတွင် အများက အဓိကထား စဉ်းစားသည့် အချက်မှာ ဖုန်းရဲ့ Display နှင့် အသံစနစ်ပင် ဖြစ်ပါတယ်။ အရောင်စိုပြည်ကြည်လင်ပြီး ကြီးမားကျယ်ပြန့်သော Screen ဖြစ်ရန် လိုအပ်ရုံသာမက အချိန်ကြာမြင့်စွာ အသုံးပြုသည့်အတွက် မျက်စိကို ကာကွယ်ပေးနိုင်ရန်လည်း လိုအပ်ပါတယ်။ အွန်လိုင်းမှ အတန်းတက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတို့တွင်လည်း အကောင်းဆုံး အတွေ့အကြုံကို ခံစားနိုင်ရန် ကြည်လင်ပြတ်သားပြီး အရည်အသွေးမြင့် အသံစနစ်ဖြစ်ရန်လည်း အထူးအရေးပါလှပါတယ်။ OPPO Reno3 Pro က ကြီးမားသော 6.4 inch ရှိ Dual Punch-hole Flagship Screen နှင့် အတူ Super AMOLED Display ကို အသုံးပြုထားသောကြောင့် မည်သည့် အလင်းရောင် အခြေအနေတွင်မဆိုကြည်လင်ပြတ်သားသော ပုံရိပ်များကို ကြည့်ရှု ခံစားနိုင်မှာဖြစ်ပြီး TÜV Rheinland Full Care Display Certification လည်း ရရှိထားသောကြောင့် မျက်လုံးကို ထိခိုက် စေနိုင်သော Blue Ray များ အန္တရာယ်မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။ Dolby Atmos, Hi-Res, Netflix HDR Certification, OSIE တို့ရဲ့ ထပ်မံအားဖြည့်မှုတို့ကြောင့် သူမတူအောင် ကောင်းမွန်သော အတွေ့အကြုံတို့ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဖုန်းရဲ့ လုပ်ဆောင်မှုတိုင်းကို အကောင်းဆုံး ဖြစ်နေစေရန် Display နှင့် အသံစနစ်သာမက Chipset ၊ Memory၊ ဘက်ထရီနှင့် စွမ်းဆောင်ရည်မြန်နှုန်းတို့ကလည်း အရေးကြီးသည့် နေရာမှ ပါဝင်နေပါတယ်။ အထူးသဖြင့် ဖုန်းနှင့် ဂိမ်းကစားရသည်ကို နှစ်သက်သူများအတွက် ဖုန်းနှေးခြင်း၊ ထစ်ခြင်း၊ အားကုန်မြန်ခြင်း၊ ဖုန်းပူခြင်းတို့မှာ အများစု ကြုံတွေ့ရတတ်သော ပြဿနာများဖြစ်ပါတယ်။ OPPO Reno3 Pro တွင် SDM 855 ထက် ပိုအားကောင်းပြီး သီးခြား NPU နှင့် အစွမ်းထက် AI Performance များ ပေးစွမ်းနိုင်သော စွမ်းဆောင်ရည်မြင့် MTK P95 ကို အသုံးပြုထားပါတယ်။ ထို့အပြင် ထူးခြားကောင်းမွန်သော 4025mAh battery နှင့် 56 မိနစ်အတွင်းတွင် 100% အပြည့် အားသွင်းနိုင်သည့် 30W VOOC Flash Charge 4.0 အားသွင်းမှု စနစ်တို့ ပါဝင်သောကြောင့် ဖုန်းအားကုန် မြန်မှာကိုလည်း စိတ်ပူရန် မလိုဘဲ မိမိ လုပ်စရာများကို စိတ်ကြိုက် လျင်မြန်ချောမွေ့စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

TÜV Rheinland Safe Fast-charge System ကို အောင်မြင်ထားသောကြောင့် ဂိမ်းကစားရင်းပင် ဖုန်းအားသွင်းနိုင်ပြီး Hyper Boost နှင့် Multi Cooling System လည်း ပါဝင်သောကြောင့် ကစားသော ဂိမ်းတိုင်းတွင် စိုးရိမ်စရာမလိုဘဲ အနိုင်ယူနိုင်မှာဖြစ်ပါတယ်။ 8GB RAM + 256GB ROM ပါရှိတဲ့အပြင် Storage ထပ်ထည့်နိုင်သော ကဒ်နေရာလည်း ပါရှိသဖြင့် Memory မဆံ့မှာကိုလည်း စိတ်ပူစရာ မလိုတော့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲဒီ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်သော OPPO Reno3 Pro ကို မတ်လမှာ စတင်မိတ်ဆက်ခဲ့ပြီး အခုဇွန်လ (၁) ရက်နေ့မှ စတင်ကာ အထူး Cashback Promotion ဖြင့် မြန်မာ‌ကျပ်ငွေ 599,900 ဖြင့် ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top