ကမ္ဘာပေါ်မှာ တစ်ခုပဲရှိတဲ့ ဒေါ်လာ ၈.၅ သန်းတန် တံဆိပ်ခေါင်း

30-12-2022-yyl-138.jpg

အလေးချိန်အရဆိုရင်တော့ ၁၈၅၆ ခုနှစ်က ထုတ်တဲ့ ဒီတံဆိပ်ခေါင်းက ကမ္ဘာ့တန်ဖိုးအကြီးဆုံး အရာဝတ္တုပါပဲ။ အလေးချိန် ၄၀ မီလီဂရမ်ပဲ ရှိပါတယ်။ British Guiana (ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ဂူယာနာနိုင်ငံ)ဟာ ၁ ဆင့်တန် နီညိုရောင် စာတိုက်တံဆိပ်ခေါင်းဟာ အရေအတွက် အကန့်အသတ်နဲ့ပဲ ရိုက်နှိပ်ခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာ အဲဒီတံဆိပ်ခေါင်း တစ်ခုပဲ ရှိတော့တာကြောင့် အရှားပါးဆုံးတံဆိပ်ခေါင်းအဖြစ် သတ်မှတ်ခံထားရတာပါ။


အဲဒီတံဆိပ်ခေါင်းကို အဆက်ဆက် ပိုင်ဆိုင်သူ ၉ ယောက် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာတော့ Stanley Gibbons ကုမ္ပဏီက ဒီတံဆိပ်ခေါင်းကို ဝယ်ယူခဲ့တာပါ။ တကယ်တော့ အဲဒီတံဆိပ်ခေါင်းဟာ တံဆိပ်ခေါင်းအစစ် မဟုတ်ဘဲ ယာယီအစားထိုး အသုံးပြုတဲ့ တံဆိပ်ခေါင်း ဖြစ်ပါတယ်။

Ref: This Old Stamp Is the World’s Most Expensive Object by Weight

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top