တောင်ကိုရီးယား တောမီးလောင်ကျွမ်းမှုတွေမှာ အနည်းဆုံး လူ ၁၆ ဦး သေဆုံး

korean.jpg

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာ တောမီးအများအပြား လောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိလာခဲ့ပါပြီ။ မတ်လ ၂၅ ရက်နေ့က ကူးစက်ပျံ့နှံ့ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထောင်အာဏာပိုင်တွေကလည်း အကျဉ်းသားတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ယူအီဆုန်းကောင်တီကနေ စတင်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဆန်ချွန်းကောင်တီ တောမီးလောင်ကျွမ်းမှုမှာ လူ ၄ ဦး သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ဘေးကင်းလုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။

ယူအီဆုန်းတောမီးလောင်ကျွမ်းမှုကို ၆၈ ရာခိုင်နှုန်းပဲ ထိန်းချုပ်နိုင်သေးပြီး ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ထိန်းချုပ်နိုင်ဖို့ အခက်တွေ့နေပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် တောမီးလောင်ကျွမ်းမှုတွေ ပိုအဖြစ်များလာပြီး ပြီးခဲ့တဲ့ဇန်နဝါရီလက အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့နဲ့ မကြာသေးမီက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွေမှာလည်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref: Death toll in South Korea wildfires rises to 16

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply