ခရစ္စမတ်အချိန်ခါရောက်တိုင်း သေဆုံးသွားပြီဖြစ်တဲ့ အိမ်နီးနားချင်းရဲ့နာမည်ကို ပုံဖော်ကာ မီးအလှဆင်​လေ့ရှိတဲ့ အမျိုးသား

26-12-2022-yyl13.jpg

အသက် ၅၆ နှစ်အရွယ် မိုက်ခ် ဝစ်တ်မာ ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး “ကယ်ဗင်” ဆိုတဲ့နာမည်ကို ပုံဖော်ပြီး ခရစ္စမတ်မီးရောင်စုံတွေ အလှဆင်ခဲ့တာပါ။ ဒီလိုလုပ်တာက သူ့အတွက် ဓလေ့တစ်ခုလိုဖြစ်နေပါတယ်။ သူ့အိမ်ခေါင်မိုးမှာ “ဟိုင်း…ကယ်ဗင်” လို့ ပုံဖော်ပြီး မီးအလှဆင်ထားတာကြောင့် ဖြတ်သွားဖြတ်လာလူတွေအတွက် ပဟေဠိဖြစ်စေခဲ့ပါတယ်။

ကလေး၂ ယောက်ဖခင်ဖြစ်တဲ့ မိုက်ခ်က သူတို့တွေကို အခုလိုလုပ်ရတဲ့အကြောင်းအရင်း ပြောပြခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က ကင်ဆာနဲ့ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့အိမ်နီးနားချင်းလေး ကယ်ဗင်ကို အောက်မေ့တသတဲ့အနေနဲ့ လုပ်ထားတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ သူက လွန်ခဲ့တဲ့ နှစ် ၂၀ လုံး ကယ်ဗင်ကို ရည်ညွှန်းပြီးတော့ပဲ မီးအလှဆင်ခဲ့တာပါ။

ကယ်ဗင်က ဒီဇင်ဘာရောက်တိုင်း မိုက် မီးအလှဆင်ထားတဲ့မီးတွေကို ကြည့်ရတာ နှစ်သက်ခဲ့တာပါ။ ကယ်ဗင် ကင်ဆာရောဂါခံစားခဲ့တဲ့ ၂၀၀၂ ခုနှစ်တုန်းက မိုက်ခ်ဟာ “ပြန်ကောင်းလာပါစေ..ကယ်ဗင်” လို့ ပုံဖော်ပြီး မီးအလှဆင်ခဲ့တာပါ။ အဲဒီအချိန်ကစ​ပြီး ကယ်ဗင်ကို ရည်ညွှန်းတဲ့ မီးအလှဆင်တဲ့ဓလေ့ဖြစ်လာခဲ့တာပါ။

ကယ်ဗင်က အသက် ၁၉ နှစ်၊ ၂၀၁၀ ခုနှစ် ဇွန်လမှာ သေဆုံးသွားခဲ့ပါတယ် ။ မိုက်််ခ်က ကယ်ဗင် သေဆုံးသွားတဲ့အချိန်အထိရော သေဆုံးခဲ့ပြီးတဲ့နောက်မှာပါ ခရစ္စမတ်ရောက်တိုင်း ကယ်ဗင်အတွက် ဆက်ပြီးတော့ မီးအလှဆင်ပေးခဲ့ပါတယ်။

ကယ်ဗင်ရဲ့အမေကလည်း သူ့သားဟာ မီးအလှဆင်ထားတာကို အရမ်းနှစ်သက်သဘောကျတဲ့အတွက် နှစ်တိုင်း မီးအလှဆင်ပေးလို့ရမလားလို့ မိုက်ခ်ကို တောင်းဆိုခဲ့တာပါ။ မိုက်ခ်ကလည်း တောင်းဆိုချက်ကို မငြင်းဘဲ နှစ်တိုင်း မီးအလှဆင်ပေးဖို့ ကတိပေးခဲ့ပါတယ်။

မိုက်ခ်က အိမ်ခေါင်မိုးပေါ်မှာ စာလုံးအကြီးကြီးပုံဖော်ပြီး မီးအလှဆင်တာက ကယ်ဗင် ကောင်းကင်ဘုံကနေ မြင်နိုင်အောင်လို့ပါတဲ့။ မိုက်ခ်က သူ လုပ်နိုင်နေသရွေ့ ကယ်ဗင်အတွက် နှစ်တိုင်းလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

Ref: TheMirror “Man’s heartbreaking reason he spells out neighbour’s name in Xmas lights leaves people in tears”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top