အစိုးရတွေ ထိထိရောက်ရောက် မလုပ်ရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ပိုဆိုးလာလိမ့်မယ်လို့ WHO သတိပေး

14-7-2020-yyl-005.jpg

ကမ္ဘာ့နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေက ထိထိရောက်ရောက် မလုပ်ဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ပိုဆိုးရွားလာလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က သတိပေးခဲ့ပါတယ်။ နိုင်ငံတော်တော်များများက လမ်းမှားကို ဦးတည်နေပြီး သက်သေပြပြီးသား စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးခြင်းမရှိလို့ ကူးစက်ခံရသူတွေ မြင့်တက်နေတယ်လို့ WHO ရဲ့ ဒါရိုက်တာ ဂီဘရီယီဆပ်က ပြောပါတယ်။ အမေရိကတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဗဟိုချက်ဖြစ်နေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကျန်းမာရေးပညာရှင်တွေကြား တင်းမာမှုတွေ မြင့်တက်လာလို့ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူတွေ မြင့်တက်နေပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၃.၃ သန်းကျော်ရှိနေပြီး လူ ၁၃၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေက ဒွိဟဖြစ်စရာမက်ဆေ့တွေပေးနေလို့ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ လူထုရဲ့ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ ဂီဘရီယီဆပ်က ပြောပါတယ်။ ” ကိုရိုနာဗိုင်းရပ်စ်က ပြည်သူ့နံပါတ်(၁)ရန်သူပါ။ ဒါပေမဲ့ အစိုးရတော်တော်များများနဲ့ လူတွေရဲ့ လုပ်ရပ်တွေက အခြေအနေမှန်နဲ့ ထင်ဟပ်ခြင်းမရှိပါဘူး”လို့ ဂီဘရီယီဆပ်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top