တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး (FDB Bank) ၏ ပထမဦးဆုံး ရန်ကုန်ဘဏ်ခွဲကို စတင်ဖွင့်လှစ်

29-11-2022-yyl05.jpg

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ ရှိ သုံးစွဲသူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ် လီမိတက် – မန္တလေး (FDB Bank) သည် ၎င်း၏ပထဦးဆုံး ရန်ကုန်ဘဏ်ခွဲကို ရွှေဘုံသာလမ်း (အထက်ဘလောက်)၊ ပန်းပဲတန်းမြို့နယ်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းစုများနှင့် အများပြည်သူများတို့အနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို FDB Bank တွင် ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။

FDB Bank သည် ဝန်ဆောင်မှုရယူသုံးစွဲသူအယောက်စီတိုင်းအတွက် ပြည်တွင်းငွေလွှဲခြင်း၊ အပ်ငွေ၊ ချေးငွေ၊ ATM/CRM ဝန်ဆောင်မှု၊ ကတ်ဝန်ဆောင်မှု၊ payroll ဝန်ဆောင်မှု၊ Bank Guarantee ဝန်ဆောင်မှု၊ Premier Banking ဝန်ဆောင်မှု အပါအဝင် အခြားသောအထွေထွေဘဏ်ဝန်ဆောင်မှုများကို အကောင်းဆုံးဝန်ဆောင်မှု များဖြင့် ပံ့ပိုးဖြည့်ဆည်းပေးနိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

FDB Bank ၏ ပထမဆုံးဘဏ်ခွဲကို မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၈၄လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်းကြား တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဒုတိယဘဏ်ခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လိုက်ခြင်းဖြစ်သည်။ FDB Bank သည် လာမည့်တစ်နှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ မော်လမြိုင်၊ မြဝတီ၊ မူဆယ်၊ လာရှိုး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ ဖားကန့်၊ တောင်ကြီး၊ တာချီလိတ်၊ ပဲခူး၊ ပြည်၊ မုံရွာ၊ မကွေး၊ ထားဝယ်၊ ပုသိမ် စသည့် မြို့ကြီးများတွင် ဘဏ်ခွဲများကို ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး လာမည့် (၅)နှစ်အတွင်း ဘဏ်ခွဲပေါင်း (၁၀၀) ကျော်ကို ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်နေသည်။

FDB Bank သည် နိုင်ငံတဝှမ်းတွင် စီးပွားရေးလုပ်ငန်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Excellent Fortune Development Group (EFD Group) ၏ စီးပွားရေးလုပ်ငန်းများအနက်က ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသောလုပ်ငန်းခွဲတစ်ခုဖြစ်သည်။ EFD Group သည် ငွေကြေး စီးပွားရေးကဏ္ဍ၊ မြို့ပြတည်ဆောက်ရေးနှင့်မြေယာဖွံ့ဖြိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍ၊ စက်မှုကဏ္ဍ စသည့်ကဏ္ဍစုံပါဝင်သော စီးပွားရေးလုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဘဏ္ဍာရေး အရ တောင့်တင်းခိုင်မာသည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။

ဘဏ်ခွဲဖွင့်လှစ်သည့်အထိမ်းအမှတ်အနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အတွင်း ရွှေဘုံသာဘဏ်ခွဲတွင် စာရင်းလာရောက်ဖွင့်လှစ်သည့် ပထမဆုံးသောဧည့်သည်အယောက် ၅၀၀ ကို အထူးလက်ဆောင် များ ပေးအပ်သွားမည်ဖြစ်သည်။ စာရင်းသေအပ်ငွေအပ်နှံမည့်သူများအတွက် အထူးအစီအစဉ်အနေဖြင့် ပိုမိုမြင့်မားသောအတိုးနှုန်း ခံစားခွင့်များ ရရှိနိုင်သည့် ငွေပြုံးပရိုမိုးရှင်းအစီအစဉ်ကို၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးလျက်ရှိသည်။ ထို့ပြင် ရရှိမည့် အတိုးငွေများကို စာရင်းဖွင့်အပ်နှံသည့်နေ့တွင်ပင် တစ်ပါတည်း စာရင်းထဲ ထည့်သွင်းပေးမည် ဖြစ်သည်။

ထို့ပြင် FDB Bank ၏ MPU debit card ကိုင်ဆောင်သူများအတွက် ငွေသားဆုများနှင့် နောက်ဆုံးပေါ် iPhone 14 ရရှိနိုင်မည့် ငွေလာဘ်ပရိုမိုးရှင်းအစီအစဉ်ကိုလည်း ပြုလုပ်လျက်ရှိသည်။ ၃ လအတွင်း FDB Bank ၏ MPU ကတ်ဖြင့် တစ်ကြိမ်လျှင် ကျပ် ၁၀,၀၀၀/- နှင့်အထက် ငွေပေးချေမှု အကြိမ်ရေ အနည်းဆုံး ၁၅ ကြိမ် သို့မဟုတ် ကျပ် ၁၀၀,၀၀၀/- နှင့်အထက် ငွေပေးချေမှု အနည်းဆုံး ၃ ကြိမ် ပြုလုပ်ရုံဖြင့် ပါဝင်နိုင်မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက ၀၉ ၇၇၇၇ ၈၈၈၈ ၁ ကို ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ [email protected] ကို စာပို့၍သော်လည်းကောင်း စုံစမ်း မေးမြန်းနိုင်ပါသည်။

Ref: Farmers Development Bank Mandalay (FDB Bank) opens its first branch in Yangon

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top