အစ်ကိုဖြစ်သူရဲ့အလောင်းကို ရှာဖွေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဧဝရက်တောင်တ​က်မယ့်သူ

15-11-2022yyl07.jpg

၁၉၉၉ ခုနှစ်မှာ မိုက်ကယ်မက်သရူးစ်ဟာ ဧဝရက်တောင်ထိပ်ကို ရောက်တော့ သူ့အသက်က ၂၂ နှစ်ပါ။ အဲဒီတုန်းက တောင်ထိပ်ကို တက်နိုင်ခဲ့တဲ့ ​အသက်ငယ်ဆုံး​​​ ဗြိတိန်နိုင်ငံသားဖြစ်ခဲ့တယ်။ ဝမ်းနည်းစရာကောင်းတာက မိုက်ကယ်ဟာ တောင်ပေါ်က ပြန်ဆင်းတဲ့အချိန်အတွင်းမှာ သေဆုံးခဲ့ပြီး သူ့ရဲ့အလောင်းကို ပြန်ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ Documentary အသစ်မှာ သူ့ရဲ့ညီဖြစ်သူ Reality TV စတား စပန်ဆာ မက်သရူးစ်က ဧဝရက်တောင်ပေါ်တက်ရင်း မိုက်ကယ်ရဲ့အလောင်းကို ရှာဖွေဖို့ ကြိုးပမ်းသွားမှာပါ။

Find Micheal Documentary နဲ့ပတ်သက်ပြီး ၃၄ နှစ်အရွယ် စပန်ဆာက “အစ်ကိုရဲ့အေးခဲနေတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာချင်းဆိုင်ရနိုင်တဲ့အချက်ကို နားလည်လက်ခံနိုင်ဖို့က အရေး​ကြီးတယ်။ ဒါဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ခရီးစဥ်ဖြစ်မယ်ဆိုတာ ကျွန်တော်သိပါတယ်”လို့ ပြောပါတယ်။ သူ့အစ်ကို သေဆုံးခဲ့ချိန်မှာစပန်ဆာက အသက် ၁၁ နှစ်ပဲရှိပါသေးတယ်။

မကြာခင်လာတော့မယ့် Documentary နဲ့ပတ်သက်ပြီး စပန်ဆာ အင်စတာဂရမ်မှာ ပြောခဲ့တာက “မကြာသေးခင်နှစ်တွေအတွင်း မိုက်ကို ရှာတွေ့ပြီး ကျွန်တော်တို့ရဲ့မိသားစုဆီ ပြန်ခေါ်လာနိုင်မလားဆိုတဲ့ မေးခွန်းက ကျွန်တော့်အတွေးထဲ မကြာခဏရှိနေခဲ့တယ်။ အဲဒီမှာ သူရှိနေရတယ်ဆိုတဲ့အတွေးကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ ကမ္ဘာ​ပေါ်မှာအမြင့်ဆုံးနေရာဆီ ခရီးစဥ်အကြောင်း Documentary ရိုက်ကူးဖို့ လုပ်နေပါတယ်။ နောက်နှစ်မှာ Finding Michael ကို မင်းတို့ဆီ ယူဆောင်လာပေးမယ့် DisneyPlusUK နဲ့အတူတူ ကြေညာရတာ ဂုဏ်ယူမိပါတယ်တဲ့။

စပန်ဆာနဲ့မိုက်ကယ်တို့ရဲ့အစ်ကို ဂျိမ်းစ် မက်သရူးစ်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘဲယား ဂရေ့စ် (မိုက်ကယ်မတိုင်ခင် ဧဝရက်တောင်ကို တက်ခဲ့တဲ့ အသက်အငယ်ဆုံးဗြိတိန်နိုင်ငံသားဖြစ်ခဲ့သူ) ကလည်း မိုက်ကယ်သေဆုံးခဲ့တဲ့ချိန်က အလောင်းကို ရှာဖွေတဲ့အဖွဲ့ထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့အဖွဲ့ ကြိုးစားရှာဖွေခဲ့ပေမဲ့ မိုက်ကယ်ရဲ့အလောင်းကို ရှာမတွေ့ခဲ့ကြပါဘူး။

Ref: Ladbible “Spencer Matthews is climbing Everest in bid to find brother’s body”

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top