လန်ဒန်ရေပိုက်လိုင်းတွေကို ဒုက္ခပေးတဲ့ ဂုံးခွံတွေကနေ ဒီဇိုင်းဆန်းဖန်ချပ်ပြားတွေ ထုတ်လုပ်

24-6-2022-yyl24.jpg

လန်ဒန်မြို့ ရေပိုက်လိုင်းတွေမှာ ဂုံးတွေပိတ်ဆို့နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဗြိတိန်အနုပညာတက္ကသိုလ်ရဲ့ ဒီဇိုင်းနာ လူလာဟာရစ်ဆန်က ဂုံးခွံတွေကို အမှုန့်ကြိတ်ပြီး အမြင်ဆန်းတဲ့ ဖန်ချပ်ပြားတွေ ဖန်တီးခဲ့တာပါ။

ဇီဝဖန်ချပ်ပြားတွေ ဖန်တီးဖို့ ဂုံးခွံတွေကို ရေဆေး၊ အခြောက်လှန်း၊ အမှုန့်ကြိတ်ရပါတယ်။ လူလာက ရှေးခေတ် ဖန်ချက်နည်းနဲ့ အလားတူတဲ့ နည်းပညာကို အသုံးပြုခဲ့ပြီး သိမ်းမြစ်ထဲက သဲ ၆၀ ရာခိုင်နှုန်း၊ အမှုန့်ကြိတ်ထားတဲ့ ဂုံးခွံ ၂၀ ရာခိုင်နှုန်း၊ ပြာမှုန့် ၂၀ ရာခိုင်နှုန်း၊ ဆိုဒါမှုန့်အနည်းငယ် အသုံးပြုကာ ဖန်ချပ်ပါတယ်။ ပြီးရင် အအေးခံပြီး ဖန်ချပ်ပြား အကြီးကြီးတွေကို 3D printer နဲ့ ဖန်ချပ်ပြားငယ်တွေအဖြစ် ထုတ်လုပ်တာပါ။

လန်ဒန်မြို့ ရေပိုက်လိုင်းတွေမှာ ပိတ်ဆို့နေတဲ့ ဂုံးတွေကို ရှင်းလင်းဖို့ ပေါင်သန်းဆယ်ချီ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပေမဲ့ အရင်က ဝင်ငွေပြန်ရမယ့်လမ်း မမြင်ခဲ့ပါဘူး။ အခုတော့ လူလာရဲ့ဖန်တီးမှုကြောင့် ဂုံးခွံရှင်းလင်းရေးလုပ်ငန်းကနေ ဝင်ငွေ ပြန်ရဖို့ ရှိလာပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်တော့မှာပါ။

Ref: Designer Turns Mussel Shells That Once Clogged London’s Water Pipes into Gorgeous Tile

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top