နန္ဒလင်းကျော်ချစ် နှင့် ကျော်မင်းဦးတို့ ပါဝင်ကစားခဲ့တဲ့ Vivo ရဲ့ V Better Together ဘောလုံးပြိုင်ပွဲ

25-6-2022-yyl01.jpg

FIFA World Cup Qatar 2022 ရဲ့ တရားဝင်မိတ်ဖက်ဖြစ်တဲ့ vivo ဟာ ဘောလုံးအားကစားကို ကြိုက်နှစ်သက်တဲ့ မီဒီယာတွေနဲ့ vivo ပရိသတ်တွေအတွက် အပျော်တမ်းဖူဆယ်ပွဲ စီစဉ်ကျင်းပပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း နန္ဒလင်းကျော်ချစ်နဲ့ ရန်ကုန်ယူနိုက်တက်ကွင်းလယ်လူ ကျော်မင်းဦးတို့ မေတ္တာဖြင့် ပါဝင်ကစားခဲ့ပါတယ်။

vivo Myanmar ရဲ့ CEO Mr. Nelson Ni က “ဘောလုံးဟာ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားခြားနားမှုအားလုံးကို ကျော်လွှားနိုင်ပြီး စိတ်လှုပ်ရှားဖွယ်ရာ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ပတ်ဝန်းကျင်တစ်ခုကို တစ်ခဏအတွင်းမှာ အလွယ်တကူ ဖန်တီးနိုင်တဲ့ အားကစားတစ်ရပ်ပါ။ ပြိုင်ပွဲကနေတဆင့် vivo ပရိသတ်တွေ၊ သတင်းမီဒီယာတွေနဲ့ ပိုမိုရင်းနီးမှုရရှိလို့ ကျေနပ်မိပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံများကို ဦးဆောင်လမ်းပြနိုင်ဖို့ အမြဲအာရုံစိုက် ကြိုးစားလျက်ရှိနေပါတယ်”လို့ ဆိုပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top