လူငယ်လေးရဲ့ ကြိုးပမ်းမှု

boy-job-appraisal-big-1.jpg

တစ်နေ့မှာ ကောင်လေးတစ်ဦးဟာ ကုန်စုံဆိုင်လေးတစ်ဆိုင်ကိုရောက်လာပြီး အအေးပုလင်း ကတ်ပုံးတစ်ခုကိုယူပြီး တယ်လီဖုန်းရှိတဲ့ဆီ သွားလိုက်ပါတယ်။ တယ်လီဖုန်းခလုတ်တွေနှိပ်ဖို့အတွက် ကောင်လေးက ကတ်ပုံးကို ခုပြီးတက်လိုက်ပါတယ်။ ပြီးတော့ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပါတယ်။ ဆိုင်ပိုင်ရှင်လည်း ကြည့်ပြီးတော့ ကောင်လေးပြောတာတွေကို နားထောင်နေလိုက်ပါတယ်။

ကောင်လေး – အန်တီ မြက်ရိတ်တဲ့အလုပ် ကျွန်တော်လုပ်လို့ရမလားခင်ဗျာ?

အမျိုးသမီး – မြက်ရိတ်ဖို့ လူငှားပြီးသွားပါပြီကွယ်။

ကောင်လေး – အခု အန်တီငှားထားတဲ့လူကိုပေးတဲ့ ဈေးတစ်ဝက်နဲ့ ကျွန်တော် လုပ်ပေးပါ့မယ်ဗျာ။

အမျိုးသမီး – လောလောဆယ်တော့ လက်ရှိငှားထားတဲ့ လူကို အန်တီ အရမ်းသဘောကျပါတယ်။

ကောင်လေး – မြက်တွေအပြင် လျှောက်လမ်းတွေကိုလည်း ကျွန်တော် လှည်းကျင်းပေးမှာပါ။ ပြီးတော့ တနင်္ဂနွေကျရင်လည်း ဒီမြို့မှာ အန်တီ့ရဲ့မြက်ခင်းပြင်ဟာ အလှဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါ့မယ်ဗျာ။

အမျိုးသမီး – ရပါတယ်ကွယ်၊ ကျေးဇူးပါပဲ။

ကောင်လေးက ပြုံးလိုက်ပြီး ဖုန်းကို ပြန်ချထားလိုက်ပါတယ်။ နားထောင်နေတဲ့ ဆိုင်ရှင်က ကောင်လေးဆီ လျှောက်သွားလိုက်ပါတယ်။

ဆိုင်ပိုင်ရှင် – သားလေး … ငါမင်းရဲ့သဘောထားကို ကြိုက်တယ်။ မင်းရဲ့အကောင်းမြင်တဲ့ စိတ်ဓာတ်ကို သဘောကျတယ်။ ငါမင်းအတွက် အလုပ်တစ်ခုပေးမယ်။

ကောင်လေး – နေပါစေဗျာ၊ ကျေးဇူးတင်ပါတယ်။

ဆိုင်ပိုင်ရှင် – စောစောကတော့ မင်းအလုပ်တောင်းနေပြီးတော့လေ။

ကောင်လေး – မဟုတ်ပါဘူးဗျာ။ တကယ်တော့ ကျွန်တော် လုပ်နေတဲ့ အလုပ်မှာ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်ကို စစ်ဆေးကြည့်တာပါဗျာ။ ကျွန်တော်က စောစောက ကျွန်တော်နဲ့ စကားပြောခဲ့တဲ့ အမျိုးသမီးဆီမှာ အလုပ်လုပ်နေတဲ့သူပါပဲ။

ဒီပုံပြင်ကနေ ရရှိတဲ့ သင်ခန်းစာကတော့ ကျွန်တော်တို့လူသားတွေဟာ တခြားလူတွေရဲ့ အရှေ့ကို မရောက်ဘူးဆိုရင် တခြားသူတွေကိုသာ အပြစ်တင်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ယှဉ်ပြိုင်သင့်ပါတယ်။ ကိုယ့်ရဲ့အားနည်းရှာကို ရှာဖွေပြီး ဒီအားနည်းချက်ကို စွန့်ပစ်ပြီး ကြိုးကြိုးစားစား အလုပ်လုပ်သင့်ပါတယ်။ အမြဲတမ်း ရိုးသား အလုပ်ကြိုးစားကာ အလုပ်မှာ အာရုံနစ်မြုပ်မှုရှိဖို့ လိုအပ်ကြောင်းကို ဒီပုံပြင်လေးမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

Ref: Boy’s Job Appraisal

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top