ဆောင်းရာသီမှာ ခေါင်းအအေးမမိအောင် ဉီးထုပ်ဆောင်းပေးခြင်းရဲ့အရေးပါမှု

4-2-2022-yyl05.jpg

ဆောင်းရာသီမှာ အအေးပိုလာတာနဲ့အမျှ ရာသီတုပ်ကွေးဖြစ်နိုင်ခြေများလေပါပဲ။ အခုဆို ပိုဆိုးပါတယ်။ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဖြစ်ပွားမှုတွေရှိနေတဲ့အတွက် ပိုပြီးဂရုစိုက်ရမှာဖြစ်ပါတယ်။ အိုမီခရွန်က အအေးမိဖျားနာခြင်း လက္ခဏာရပ်တွေနဲ့ ဆင်တူတဲ့အတွက် ဆောင်းရာသီမှာ အအေးမိပြီး ဖျားနာတာလား။ အိုမီခရွန်လားဆိုတာ ဝေခွဲရခက်စေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အအေးမိဖျားနာခြင်းတွေမဖြစ်အောင် နှစ်ဆဂရုစိုက်ဖို့လိုပါတယ်။ အစားအစာကို ညီညွှတ်မျှတစွာ စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ နွေးထွေးစွာ ဝတ်ဆင်တာတွေက အအေးမိ၊ တုပ်ကွေးဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ထပ်လုပ်ရမယ့် အရေးကြီးတဲ့အရာကတော့ သင့်ခေါင်းအအေးမမိအောင် ဉီးထုပ်ဆောင်းပေးဖို့ပါပဲ။

ဆောင်းရာသီမှာ ခေါင်းကို ဉီးထုပ်ဆောင်းပေးတာက ဘာလို့ အရေးကြီးတာလဲ

ဆောင်းတွင်းကာလ အေးတဲ့အချိန် သင် အိမ်အပြင်ထွက်တဲ့အခါ သင့်ခေါင်းကို အအေးမမိအောင် ရိုးရိုးဉီးထုပ် (သို့) သိုးမွေးဉီးထုပ်ဆောင်းပေးတာက အအေးမိဖျားနာခြင်းကို တစ်ဝက်လောက်နီးပါးလျှော့ချပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ ခေါင်းကို တစ်ခုခုဆောင်းပေးတာက အပူကို ထိန်းပေးပြီး သင့်ခန္ဓာကိုယ်ကို နွေးထွေးစေကာ သက်တောင့်သက်သာရှိစေပါတယ်။ သင့်ဉီးရေပြားက အေးတဲ့ရာသီနဲ့ ထိတွေ့တဲ့အခါ သင့်ခန္ဓာကိုယ်ကနေ အပူတွေပိုပြီး ဆုံးရှုံးရပြီး အအေးမိ၊ တုပ်ကွေးရောဂါဖြစ်နိုင်ခြေများစေပါတယ်။ သင့်ဉီးရေပြားကို နွေးထွေးအောင်ထားတာက သင့်ခန္ဓာကိုယ်ကို နွေးအောင်ထားသလောက် အရေးကြီးပါတယ်။

သင့်ခေါင်းကို ဉီးထုပ်ဆောင်းပေးခြင်းရဲ့အရေးပါတဲ့ အခြားအကြောင်းအရင်းများ

ဆောင်းရာသီမှာ သင့်ခေါင်းကို ဉီးထုပ်ဆောင်းပေးတာကလည်း သင့်ဆံသားကျန်းမာအောင်နဲ့ ဆံပင်ရှုပ်ပွခြင်းကင်းအောင် ကူညီပေးနိုင်ပါတယ်။ အေးတဲ့ရာသီဉတုက သင့်ဆံသားက အစိုဓာတ်တွေအားလုံးကို ဖယ်ရှားပစ်ပြီး သင့်ဆံသားကို ခြောက်သွေ့၊ ရှုပ်ပွခြင်းကို ဖြစ်စေပါတယ်။ သင့်ဆံသားကို ဘီးနဲ့ဖြီးလိုက်တဲ့အခါ ဆံသားပြတ်ထွက်ပြီး ဆံပင်နှစ်ခွတွေဖြစ်လာစေနိုင်ပါတယ်။ သင့်ဉီးရေပြားကိုလည်း ခြောက်သွေ့စေပြီး ဗောက်တွေထလာစေနိုင်ပါတယ်။ ဉီးထုပ်ဆောင်းတာက ဉီးရေပြားရဲ့အစိုဓာတ်ကို ထိန်းပေးပြီး ဆံသားရှုပ်ပွခြင်းကင်းစေပါလိမ့်မယ်။ သင့်ဉီးရေပြား ခြောက်သွေ့ယားယံတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဆောင်းရာသီမှာ ကျန်းမာစွာနေထိုင်နိုင်မယ့် အခြားနည်းလမ်းများ

ဆောင်းရာသီမှာ သင့်ရဲ့ကိုယ်ခံအားစနစ်က နည်းပါးပြီး ကူးစက်ရောဂါတွေကလည်း အခြားရာသီတွေနဲ့ယှဉ်ရင် ပိုပြီးလွယ်ကူစွာ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့်ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ အအေးမိတုပ်ကွေးဖျားနားခြင်းတွေမဖြစ်အောင် ဒီနည်းလမ်းတချို့လည်းရှိပါတယ်။

ရာသီစာတွေကို စားသုံးပေးခြင်း – သင် တစ်နေ့တာအစားအစာမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ရာသီစာအသီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပါအောင်စားသုံးပေးသင့်ပါတယ်။ အဲဒါတွေက အာဟာရကြွယ်ဝပြီး ကိုယ်ခံအားစနစ်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။

နှိပ်နယ်ပေးခြင်း – ရေမချိုးခင် မရှိမဖြစ်အဆီတစ်မျိုးမျိုးနဲ့ နှိပ်နယ်ပေးတာက သင့်အသားရေရဲ့ရေဓာတ်ကို ထိန်းဖို့ ကူညီပေးနိုင်ပြီး အပူကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ခြင်း – လေ့ကျင့်ခန်းလုပ်တာက ဇီဝဖြစ်စဉ်အားကောင်းစေပြီး သင့်ကို ကျန်းမာစေပါတယ်။ တစ်နေ့ကို မိနစ် (၃၀) လောက် လေ့ကျင့်ခန်းလုပ်ပေးတာက သင့်ကျန်းမာရေးအတွက်ကောင်းပါတယ်။

Ref: TOI “Reasons Why You Should Cover Your Head In Winters”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top