ဦးပိန်တံတားဟာ ကမ္ဘာ့အရှည်ဆုံးနဲ့ သက်တမ်းအမြင့်ဆုံး ကျွန်းသစ်တံတားဖြစ်ပါတယ်

mandalay-myanmar-boats-PKENLSQ-e1564396046742.jpg

ကမ္ဘာလှည့် ခရီးသည်တွေ အလွန် ကြိုက်နှစ်သက်တဲ့ မြန်မာပြည်မှ အထင်ကရ နေရာတွေထဲကမှ ဦးပိန် တံတားဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဦးပိန် တံတားဟာ မန္တလေးမှာ တည်ရှိပြီး ကမ္ဘာ့အထင်ကရ သစ်သား တံတားတွေထဲမှာလည်း ပါဝင်ပါတယ်။ အဓိက တည်ဆောက်တဲ့သူ ဦးပိန်ကို အဆွဲပြုပြီးတော့ ဦးပိန်တံတားလို့ ခေါ်ဆိုကြောင်း သိရပါတယ်။

တစ်ချို့ကလည်း ဦးပိန်တံတားလို့ မခေါ်ဘဲ တောင်သမန်အင်းပေါ်မှာ တည်ရှိလို့ တောင်သမန် တံတားလို့ ခေါ်ဝေါ်ကြောင်း သိရပါတယ်။ တံတားဟာ ၃၉၆၇ ပေ ရှည်ပြီးတော့ ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ် တံတား တစ်စင်း အဖြစ် အသိအမှတ် ပြုထားတာကိုလည်း တွေ့ရပါတယ်။

သူ့ထက်ရှည်တဲ့ တံတားတွေ ကမ္ဘာပေါ်မှာ ရှိပေမယ့် ကျွန်းသစ် မဟုတ်ပါဘူး။ ဦးပိန် တံတားကတော့ ကျွန်းသစ်နဲ့ ပြုလုပ် တည်ဆောက် ထားတဲ့ တံတားတွေထဲမှာ အရှည်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ၁၈၅၀ ခုနှစ်လောက်မှာ စတင် တည်ဆောက် ခဲ့တာ ဖြစ်လို့ ယခုဆိုရင် များစွာကြာမြင့် နေခဲ့ပါပြီ။ နှစ်တွေ ကြာတာနဲ့ အမျှ တစ်ချို့ နေရာလေးတွေကတော့ အနည်းငယ် ယို့ယွင်း ပျက်စီးမူတွေ ရှိလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာပြည် ကိုယ်စားပြုတဲ့ အထင်ကရ နေရာများထဲမှ တစ်ခုဖြစ်တဲ့ ဦးပိန် တံတားဟာ တန်ဖိုးဖြတ်လို့ မရတဲ့ အမွေအနှစ် တစ်ခု ဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့ အရှည်ဆုံးနဲ့ သက်တမ်း အမြင့်ဆုံး ကျွန်းသစ်သား တံတား တစ်ခုလည်း ဖြစ်လို့ ရေးသားလိုက် ရပါတယ်။

Photo by – Ye Lwin Oo

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top